သတင်းတု၊ သတင်းမှား များကို စိစစ်ကြစေလို

အကြမ်းဖက် သောင်းကျန်းသူအဖွဲတွေနဲ့ ပတ်သက်တဲ့ စစ်ရေးသတင်းတွေမှာ တကယ်ဖြစ်ပျက်နေတဲ့ အခြေအနေထက် ပိုမိုကြီးမားအောင် ပြည်ပအခြေစိုက် ပြည်ဖျက်မီဒီယာများကို အားကိုးပြီး သတင်းအမှားတွေနဲ့ ပြည်သူတွေရဲ့ စိတ်ဓာတ်ကို လွှမ်းမိုးဖို ကြိုးစားနေတာ ဖြစ်ပါတယ်။

တပ်မတော်ဘက်က ငြိမ်းချမ်းရေးအတွက် ကမ်းလှမ်းမှုတွေ ပြုလုပ်နေသော်လည်း အကြမ်းဖက်အဖွဲတွေမှာ သူတို ကိုယ်ကျိုးစီးပွားကိုသာ ကြည့်ပြီး ပြည်သူတွေရဲ့ ဘဝကို နင်းခြေဖျက်ဆီးနေတာပဲ ဖြစ်ပါတယ်။

ဒါကြောင့် မိဘပြည်သူတွေအနေနဲ့ သတင်းတုတွေရဲ့ လှည့်စားမှုအောက် မရောက်သွားဖို လိုပါတယ်။ သတင်းတစ်ပုဒ်တွေ့တာနဲ့ ချက်ချင်း မမျှဝေဘဲ ဘယ်ကလာတာလဲ၊ အထောက်အထား ရှိ၊ မရှိ၊ အခြား သတင်းရင်းမြစ်တွေမှာရော အတည်ပြုထားခြင်း ရှိ၊ မရှိဆိုတာတွေကို သေချာစစ်ဆေးကြဖို တိုက်တွန်းလိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *