၂၀၂၆ ကမ္ဘာ့အကောင်းဆုံးကစားသမားဆုပေးပွဲအခမ်းအနားကို အကြိမ်ရေအများဆုံးရရှိထားသည့် မက်ဆီ တက်ရောက်မည်

အင်တာမိုင်ယာမီအသင်း တိုက်စစ်ကစားသမား မက်ဆီသည် ၂၀၂၆  ကမ္ဘာ့အကောင်းဆုံးကစားသမား ဆုပေးပွဲအခမ်းအနားကို တက်ရောက်မည်ဖြစ်သည်။

မက်ဆီသည်  ကမ္ဘာ့အကောင်းဆုံးကစားသမားဆုကို  ရှစ်ကြိမ်ရရှိထားပြီး    အကြိမ်ရေအများဆုံး ကစားသမားအဖြစ် ရပ်တည်နေသူဖြစ်သည်။

ကမ္ဘာ့အကောင်းဆုံးကစားသမား ဆုပေးပွဲအခမ်းအနားကို  ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)နှင့် ပြင်သစ်မဂ္ဂဇင်းတို့ပူးပေါင်းပြီး နှစ်စဉ် ပြင်သစ် နိုင်ငံ၌  ကျင်းပခဲ့သော်လည်း  ၂၀၂၆ ကမ္ဘာ့အကောင်းဆုံး  ကစားသမားဆုပေးပွဲအခမ်းအနားကို ဒီဇင်ဘာလတွင် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့၌ ကျင်းပမည်ဖြစ်သည်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားသည့်    ၂၀၂၆ ကမ္ဘာ့ အကောင်းဆုံးကစားသမားဆုအတွက်   ဆန်ခါတင်ကစားသမား စာရင်းတွင်   မက်ဆီပါဝင်နေသော်လည်း ဆုရရှိရန်  ဘိုင်ယန်မြူးနစ်အသင်းမှ  ဟယ်ရီကိန်းနှင့်ဘာစီလိုနာအသင်းမှ  ယာမယ်တို့က ထိပ်ဆုံးမှ ရေပန်းစားလျက်ရှိသည်။

လက်ရှိထွက်ပေါ်နေသည့်သတင်းများအရ   မက်ဆီအနေဖြင့် ၂၀၂၆    ကမ္ဘာ့အကောင်းဆုံးကစားသမားဆုပေးပွဲအခမ်းအနားကို  ကိုယ်တိုင်တက်ရောက်ပြီး ဆုရရှိမည့်ကစားသမားကို ဆုပေးအပ်ရန်စီစဉ်ထားခြင်းဖြစ်သည်ဟု  သတင်းများထွက်ပေါ်လျက်ရှိသည်။

၂၀၂၆  ကမ္ဘာ့အကောင်းဆုံးကစား သမားဆုအတွက်  စပိန်အသင်းနှင့်ဘာစီလိုနာအသင်းမှ ယာမယ်က ထိပ်ဆုံးမှရေပန်းစားနေပြီး ၎င်း၏နောက်၌  အင်္ဂလန်အသင်းနှင့်ဘိုင်ယန်မြူးနစ်အသင်းမှ  ဝါရင့် တိုက်စစ်ကစားသမား ဟယ်ရီကိန်း ကရှိနေသည်။  ယာမယ်အနေဖြင့် ယခုဘောလုံးရာသီတွင်လည်း နိုင်ငံအသင်းနှင့်ကလပ်အသင်းတို့တွင် ခြေစွမ်းပြကစားလျက်ရှိသည်။

ကမ္ဘာ့အကောင်းဆုံး   ကစားသမားဆုပေးပွဲ အခမ်းအနားကို  မက်ဆီတက်ရောက်မည်ဖြစ်သော်လည်း ငါးကြိမ်ဖြင့် ဒုတိယအကြိမ်ရေအများဆုံးကစားသမားအဖြစ်ရပ်တည်နေသည့်     အယ်နာဆာအသင်းမှ   စီရော်နယ်ဒိုအနေဖြင့်  ကမ္ဘာ့အကောင်းဆုံးကစားသမားဆု ဆန်ခါတင်ကစားသမားစာရင်း တွင်   ပါဝင်လာခြင်းမရှိသည့်အတွက် ဆုပေးပွဲအခမ်းအနားကို  တက်ရောက်ဖွယ်မရှိကြောင်း သိရသည်။ 

Leave a Reply

Your email address will not be published. Required fields are marked *