ရေမိုင် ၇၅၀ ကျော်ပျံသန်းတိုက်ပွဲဝင်မယ့် Troublemaker

အမေရိကန်လေကြောင်းအာကာသနဲ့ ကာကွယ်ရေးနည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ Ideal Aerosmith က တာဝေးတိုက်ခိုက်မှုတွေနဲ့ တိုက်ပွဲဝင်နိုင်မယ့် Troublemaker အမည်ရှိ နည်းပညာမြင့် တိုက်ခိုက်ရေးဒရုန်းအသစ်ကို တရားဝင် ထုတ်ဖော်ပြသလိုက်ပါတယ်။

ဒီဒရုန်းက Group 3 အမျိုးအစား စစ်သုံးဒရုန်းဖြစ်ပြီး ရန်သူ့စစ်စခန်းတွေ၊ ကာကွယ်ရေးစနစ်တွေကို ဒုက္ခပေး၊ အနှောင့်အယှက်ပေးဖို့ သီးသန့်ဒီဇိုင်းထုတ်လုပ်ထားတာပါ။တစ်ကြိမ် လောင်စာဖြည့်ထားရုံနဲ့ ရေမိုင် ၇၅၀ အထိ မနားတမ်း ပျံသန်းနိုင်သလိုပိုင်နက်ဝေဟင်အထက်မှာအချိန် ၁၀ နာရီကျော်ကြာ ကင်းလှည့်စောင့်ကြည့်နိုင်ပါတယ်။ ဒါ့အပြင် ပေါင် ၃၀ အထိ အလေးချိန်ရှိတဲ့ ခဲယမ်း သို့မဟုတ်  ထောက်လှမ်းရေး  ကိရိယာတွေကိုပါ သယ်ဆောင်သွားနိုင်ပါတယ်။

ဒီစနစ်ရဲ့အကောင်းဆုံးအချက်ကတော့ လေယာဉ်ကွင်း သို့မဟုတ် လေယာဉ်ပြေးလမ်းကြီးတွေ လုံးဝမလိုဘဲ အလွယ်တကူ လွှတ်တင်နိုင်တာဖြစ်ပါတယ်။ ရန်သူ့ဘက်ကိုသာသွားရောက်တိုက်ခိုက်တဲ့ တစ်လမ်းသွားတိုက်ခိုက်ရေးယာဉ်အဖြစ် အသုံးပြုနိုင်သလို လိုအပ်ရင်ပြန်လည်သိမ်းဆည်းပြီး နောက်တစ်ကြိမ်အသုံးပြုနိုင်အောင်လည်းပြုလုပ်ထားပါတယ်။ ကုန်ကျစရိတ် အလွန်သက်သာတာကြောင့် စစ်ပွဲတွေမှာ ပမာဏအမြောက်အမြားကို တစ်ပြိုင်နက်တည်း သုံးစွဲနိုင်မှာဖြစ်ပြီး တပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးစွမ်းရည်ကိုများစွာတိုးတက်စေမယ့်စစ်လက်နက်အသစ်တစ်ခုဖြစ်လာတော့မှာဖြစ်ပါတယ်။Ref: IEကိုထက်

Leave a Reply

Your email address will not be published. Required fields are marked *