ဝက်သက်ရောဂါပြန့်ပွားမှုကို တားဆီးနိုင်မယ့် ပိုးသတ်ဆေးအသစ်

ဝက်သက်ရောဂါ ကူးစက်ပြန့်ပွားမှုကို တားဆီးနိုင်စေမယ့် ပိုးသတ်ဆေးအသစ်တစ်မျိုးကို အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ်တက္ကသိုလ်မှ သုတေသီတွေက စမ်းသပ်တွေ့ရှိထားပါတယ်။ GHP-88310 လို့အမည်ပေးထားတဲ့ စမ်းသပ်ဆေးဟာဗိုင်းရပ်တွေမျိုးပွားဖို့လိုအပ်တဲ့ polymerase အင်ဇိုင်းကိုပစ်မှတ်ထားပြီး တိုက်ဖျက်တဲ့ ဆေးဖြစ်ပါတယ်။ သုတေသနပညာရှင်များက ဝက်သက်ရောဂါနဲ့ဆင်တူတဲ့ရောဂါဖြစ်စေတဲ့ canine distemper virus ကို တိရစ္ဆာန်တွေမှာအသုံးပြုပြီး စမ်းသပ်ခဲ့ကြတာပါ။

စမ်းသပ်မှုအတွင်း ဗိုင်းရပ်နဲ့ထိတွေ့မိချိန်မတိုင်မီ ဒါမှမဟုတ် ထိတွေ့ပြီးမကြာခင် ဆေးကိုပေးလိုက်တဲ့အခါ တိုက်ရိုက်ထိတွေ့မှုမှတစ်ဆင့် ကူးစက်တာအပြင် လေထဲကနေကူးစက်မှုကိုပါတားဆီးနိုင်ခဲ့ပါတယ်။ ဒါ့အပြင်ရောဂါကူးစက်ပြီးသား တိရစ္ဆာန်တွေကိုဆေးပေးတဲ့အခါ ရောဂါလက္ခဏာတွေလျော့ နည်းလာပြီး တခြားတိရစ္ဆာန်တွေကို ဗိုင်းရပ်ကူးစက်နိုင်စေတဲ့ကာလလည်း တိုတောင်းလာခဲ့ပါတယ်။

လက်ရှိရလဒ်တွေဟာ တိရစ္ဆာန်နဲ့စမ်းသပ်မှုအပေါ်မှာသာ အခြေခံထားတာဖြစ်တဲ့အတွက် လူတွေအပေါ် ထိရောက်မှုနဲ့ဘေးကင်းမှုကိုအတည်ပြုဖို့ နောက်ထပ် ဆေးဘက်ဆိုင်ရာစမ်းသပ်မှုတွေ လိုအပ်နေဆဲဖြစ်ပါတယ်။   Ref: STDကိုထက်

Leave a Reply

Your email address will not be published. Required fields are marked *