တောင်ကြီးတွင် တန်ဆောင်တိုင်ပွဲအမီ လမ်းညွှန်ဆိုင်းဘုတ်များ စတင်တပ်ဆင်မည်

တောင်ကြီးမြို့ပေါ်ရှိ အဓိကလမ်းမကြီးများနှင့် လမ်းသွယ်များတွင် လမ်းအမည် လမ်းညွှန်ဆိုင်းဘုတ်များကို လာမည့် တန်ဆောင်တိုင်ပွဲတော် မတိုင်မီ အပြီးတပ်ဆင်ရန် တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာနက စီစဉ်လျက်ရှိသည်။
အဆိုပါ ဆိုင်းဘုတ်များတွင် မီးပုံးပျံရုပ်ပုံများ ပါဝင်မည်ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းလမ်း အပါအဝင် အရှေ့၊ အနောက်မြို့ပတ်လမ်းများတွင် စတင်တပ်ဆင်သွားမည်ဖြစ်သည်။
ထို့ပြင် ပျက်စီးနေသည့် လူသွားစင်္ကြန်များကို ပြုပြင်ခြင်းနှင့် မထင်မရှားဖြစ်နေသည့် “မဝင်ရ” တစ်လမ်းမောင်း ဆိုင်းဘုတ်များကို အသစ်လဲလှယ်ခြင်းများပါ ဆောင်ရွက်သွားမည်ဖြစ်သည်။
 

Leave a Reply

Your email address will not be published. Required fields are marked *