



ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်ရှိ Bar 4 U ဘီယာဆိုင်၌ စက်တင်ဘာ ၁၃ ရက်ည ၈ နာရီ ၁၉ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ရာ Level 1 အဆင့်ဖြင့်ငြှိမ်းသတ်ခဲ့ရပြီး အမျိုးသား(၂)ဦးသေဆုံးခဲ့ကြောင်း သိရသည်။
စမ်းချောင်းမြို့နယ်၊ စမ်းချောင်းလမ်း၊ စမ်ချောင်းမြောက်ရပ်ကွက်ရှိ Bar 4 U ဘီယာဆိုင်တွင် ဝါယာရှော့ဖြစ်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကာ မီးသတ်တပ်ဖွဲ့ဝင်များကငြှိမ်းသတ်ခဲ့ကြသော်လည်း ဆက် လက်လောင်ကျွမ်းနေသဖြင့် ည ၈ နာရီ ၂၄ မိနစ်၌ Level 1 အဆင့်ဖြင့်ငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။
ထိုကြောင့် ည ၈ နာရီ ၄၅ မိနစ်တွင် မီးငြိမ်းသွားခဲ့ပြီး ရှင်းလင်းမှုများပြုလုပ်စဉ် ဆိုင်အပေါ်ထပ်(ထပ်ခိုး)ပေါ်နှင့် မီးဖိုခန်းအတွင်းတို့မှ ဆိုင်ဝန်ထမ်းအမျိုးသား(၂)ဦး ၏ ရုပ်အလောင်းများကိုတွေ့ရှိခဲ့ရကြောင်း သိရသည်။
ထိုသို့ တွေ့ရှိခဲ့ရသဖြင့် ရုပ်အလောင်းများအား လူမှုကူညီရေးအ သင်းဝင်များက ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
