ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ခရီးစဉ်တွင်လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးတို့မှ ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများလိုက်ပါ၍ မကွေးတိုင်းဒေသကြီး အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို လိုက်လံကြည့်ရှု စစ်ဆေးသည်။ Magway Hybrid Power Company ဦးစွာ နိုင်ငံတော်သမ္မတသည် မကွေးမြို့နယ်၊ သပြေစမ်းကျေးရွာအနီးရှိ Magway Hybrid Power Company သို့ရောက်ရှိ ကြရာ…