အရပ်ကားတစ်စီးအား အကြမ်းဖက်အဖွဲ့မိုင်းဆွဲတိုက်ခိုက်

ယမန်နေ့ ည ၁၂နာရီ ၅မိနစ်ဝန်းကျင်အချိန်ခန့်ဘီးလင်းမြို့ နယ်ဒေါက်ရပ်ကျေးရွာအုပ်စု၊ ဒေါက်ရပ်ကျေးရွာအနီး၊ရန်ကုန်- မော်လမြိုင် ပြည်ထောင်စုကားလမ်း (မိုင်တိုင် အမှတ် – ၁၂၉ / ၃ နှင့် ၄ အကြား)၌ ဘီးလင်း ဘက်မှ သထုံဘက်သို့ ယာဉ်မောင်း ဦးအောင်နိုင်စိုး မောင်းနှင်လာသော ယာဉ်အမှတ် – (BGO-11)၊ 2M/6559 ၊ Nissan CABSTAR အမျိုးအစား အပြာရောင်ယာဉ်သည် ပေါင်မြို့နယ်၊ သဲအိမ်ကျေးရွာ၊ စမ္ပါနဂိုရ်ဘုန်းကြီးကျောင်းသို့ သွားရောက်ရန် မောင်းနှင်လာစဉ် ဒေါက်ရပ်ကျေးရွာ အနီးအရောက်တွင် အကြမ်းဖက် KNU/ PDF အဖွဲ့မှ မိုင်းထောင်ဖောက်ခွဲခဲ့ကြောင်းသိရှိရသည်။
အဆိုပါမိုင်းပေါက်ကွဲမှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသူ မတင်တင်ဝင်း ၊ ၃၁ နှစ်၊ (ဘ) ဦးခင်ဝင်း၊ မြောင်းမြမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးနေသူတွင် ဝဲပေါင် မိုင်းစရှပ်ထိဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကြောင်းသိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *