တီးတိန်မြို့အတွင်း အကြမ်းဖက်ဖြစ်စဉ်ကြောင့် ပျက်စီးသွားသည့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် ဌာနဆိုင်ရာရုံးများ ပြုပြင်မွမ်းမံလျက်ရှိ

တီးတိန်မြို့အတွင်း အကြမ်းဖက်ဖြစ်စဉ်ကြောင့်  ပျက်စီးသွားသည့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း စာသင်ဆောင်နှင့် စားရိပ်သာ၊နယ်စပ် ဒေသ နှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊   လူငယ်သင်တန်းကျောင်းနှင့် အိမ်တွင်းမှုသင်တန်းကျောင်း၊ သာသနာတော်ထွန်းကား ပြန့်ပွားရေးဦးစီးဌာန၊ မြို့နယ်သာသနာရေးမှူးရုံး လေးခန်းတွဲ နှစ်ထပ်ဝန်ထမ်း အိမ်ရာ၊  ခုတင်-၁၀၀ ဆံ့ မြို့နယ်ပြည်သူ့ဆေးရုံတိုးချဲ့လူနာဆောင်အသစ်၊ သမဝါယမဦးစီးဌာန ဝန်ထမ်း အိမ်ရာနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံး  ပြုပြင်မွမ်းမံမှုများဆောင်ရွက်လျက်ရှိကြောင်း  သိရသည်။

အဆိုပါမွမ်းမံဆောင်ရွက်နေမှုကို စက်တင်ဘာလ ၁၀ ရက်နေ့နံနက်ပိုင်းကလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက် တာသန့်ဇော်လွင် ဦးဆောင်သော ချင်းပြည်နယ် သယံဇာတနှင့်   သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဝင်းဇော်ဦးနှင့်   ကော်မတီအဖွဲ့ဝင်များက သွားရောက်ကြည့်ရှုစစ်ဆေးသည်။ 

ထို့ပြင် မြို့မရပ်ကွက်၊ ထေရဝါဒဗုဒ္ဓသာသနာပြု      ဗဟိုကျောင်း၊ သဒ္ဓမ္မဇောတိက    ဓမ္မဗိမာန်တော်၌  ဆရာတော် အရှင်ပုညာနန္ဒထံမှ ငါးပါးသီလခံယူဆောက်တည်၍ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြပြီး ဒုတိယဝန်ကြီးက  သာသနာတော်ဆိုင်ရာ ကိစ္စရပ်များ လျှောက်ထားသည်။ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တီးတိန်မြို့ အမှတ်(၁)အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းနှင့် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းများသို့သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ ငြိမ်းချမ်းစွာ ပညာသင်ကြားနေမှု   အခြေအနေကိုကြည့်ရှုစစ်ဆေး   အားပေးစကားပြောကြားကာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊    မြို့နယ်ဦးစီးမှူးရုံး၊  အလုံးစုံပျက်စီးမှုအားလည်းကောင်း   တီးတိန်မြို့ခွာဒိုခန်းမ၌    ယာယီဖွင့်လှစ်ထားသည့် မြို့နယ်ဦးစီးမှူးရုံးတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက်ပေးမှု အခြေအနေအားလည်းကောင်း ကြည့်ရှုစစ်ဆေး၍ ကျောင်းသား၊ကျောင်းသူများအား   နိုင်ငံသားစိစစ်ရေးကတ်ပြားများ  ပေးအပ်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *