ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့တွင် တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ဒေသစံတော်ချိန် နံနက် ၈ နာရီတွင် မော်စကိုမြို့ရှိ ဘနုကာဘာအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြန်လည်ထွက်ခွာခဲ့သည်။
နိုင်ငံတော်သမ္မတနှင့် အဖွဲ့သည် မော်စကိုမြို့ရှိ Vnukovo International Airport မှ ထွက်ခွာရာ လေဆိပ်၌ ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် စစ်သံရုံးတို့မှ ဝန်ထမ်းများ၊ မိသားစုဝင်များနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပိုဆောင်နှုတ်ဆက်ခဲ့ကြသည်။
ထို့ပြင် ရုရှားနိုင်ငံ၏ ဂုဏ်ပြုတပ်ဖွဲ့ကလည်း ကော်ဇောနီတစ်လျှောက် စစ်ရေးပြအခမ်းအနားဖြင့် ဂုဏ်ပြုအလေးပြုကာ နိုင်ငံတော်သမ္မတနှင့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။



