အရောင်တွေ မထွက်ပါစေနဲ့
လူတွေဟာ အထင်ကြီးခံရမှာ ကြိုက်ပေမယ့်
အထင်သေးခံရမှာကိုတော့
လူတိုင်းနီးပါး ကြောက်ပါတယ် ။
ချီးမွမ်းခံလိုက်ရရင် မသိမသာလေး
လောဘအရောင် ထွက်သွားတယ် ။
ကဲ့ရဲ့အထင်သေးခံရရင် မသိမသာ
ဒေါသအရောင်လေး သန်းသွားတယ် ။
ဒါလည်းဘာမှမမြဲဘူးလို့
သတိထားပြီးတော့ ဘာမှမဖြစ်သလို
နေနိုင်တဲ့သူကတော့ အင်မတန်ရှာပါတယ် ။
ပြီးတော့လည်း ပြီးသွားတာပဲဆိုတဲ့
အနိစ္စရဲ့သဘောဟာ ကြာလာလေလေ
ပိုပိုပြီးတော့ ထင်ရှားလာလေလေပါပဲ ။
တစ်ချို့စကားတွေဟာ
လတ်တလော အချိန်ပိုင်လေးမှာသာ
ကိုယ့်ဘ၀ကို ပျော်စေတာတို့
၀မျးနညျးစတောတို့ ဖြစ်စေနိုင်တာပါ ။
ကြာလာတာနှင့်အမျှ
မမှတ်ထားရင် မေ့သွားခဲ့မယ်ဆိုရင်
ဘာမှမဟုတ်သလိုဖြစ်သွားပါတယ် ။
ဒါကြောင့် လတ်တလောစကားတွေအတွက်
ကိုယ့်ဘ၀တော့ မယိုင်လဲစေပါနဲ့ ။
ချီးမွမ်းတာလည်း မမြဲဘူး
ကဲ့ရဲ့တာလည်းမမြဲဘူးဆိုပြီးလက်ခံလိုက်ပါ ။
လောကဓံတရာတွေကြုံလာတဲ့အခါ
ယိုထွက်လာတဲ့ လောဘအရောင်
ဒေါသအရောင်တွေကို အသိတရားနဲ့ပိတ်ပြီး
ကိုယ့်ဘ၀ကို ရင့်ကျက်စေလိုက်ပါ ။
🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏