“ ကောင်းမွေစံစို့ ဝန်ထမ်းတို့ ”
- အမိမြန်ပြည် တိုးတက်စည်၍
သာယာဖြိုးမောက် ပန်းတိုင်ရောက်ရေး
ကျရာဌာန အခန်းကဏ္ဍမှ
အမြဲဝီရိယ ဇွဲလုံ့လနှင့်
တိုင်းပြည်စွမ်းအား ယန္တရားကို
မှန်စွာခုတ်မောင်း ဝန်ထမ်းကောင်း။
- စည်းကမ်းလိုက်နာ ကိုယ်ကျိုးခွာ၍
စွမ်းရည်စိတ်ဓာတ် ခံယူချက်မှန်
စုပေါင်းညီညာ ညှိနှိုင်းစွာဖြင့်
ရိုင်းပင်းလျက်ကြိုး ပြည်သူ့ကျိုးတွက်
နေ့ညမဟူ ထမ်းရွက်တူညီ
မွန်မြတ်စိတ်ချီ ဝန်ထမ်းပီ။
- ဪ – – –
နိုင်ငံ့သစ္စာ စောင့်သိကာလျှင်
အရေးသုံးပါး ဦးထိပ်ထား၍
ပါတီကင်းရှင်း ဖြောင့်မှန်ခြင်းဖြင့်
ထက်မှပေးလာ အမိန့်တာဝန်ကို
ထမ်းရွက်ကျေပွန် ဝန်ထမ်းချွန်မို့
ခြောက်ပါးအဓိဋ္ဌာန် သစ္စာမှန်။
နိုင်ငံ့တာဝန် ကျေပွန်ရန်။
သူ့ဆန်စား၍ ရဲစေမှန်။
တို့ဝန်ထမ်းများ ကောင်းမွေစံ။ ။ သည်းငယ်လေး(၇၂/၂၁၉)
