ညောင်ဦးမြို့၊ အမှတ်(၅)ရပ်ကွက်မှ ရေဘေးသင့်သူ(၁၇)ဦးအား မီးသတ်တပ်ဖွဲ့က ယာယီရေဘေးရှောင်စခန်းသို့ကူညီရွှေ့ပြောင်း

မန္တလေးတိုင်း၊ ညောင်ဦးမြို့တွင် ယနေ့ သြဂုတ် ၁၀ ရက်နံနက်ပိုင်းက ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် နေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

ညောင်ဦးမြို့၊ အမှတ်(၅)ရပ်ကွက်၊ သီလှရင်စုရပ်ရှိ နေအိမ်များအတွင်းသို့ရေဝင်ရောက်မှုများဖြစ်ပေါ်နေသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအဖွဲ့ဝင်များက ရေဝင်ရောက်နေသောနေအိမ်များ၌နေထိုင်နေကြသော ရေဘေးသင့်သူ(၁၇)ဦးကို ရေဘေးလွတ်ကင်းသည့် မြသိန်းတန်ဘု ရား(ယာယီရေဘေးရှောင်စခန်း)သို့ ကူညီရွေ့ပြောင်းပေးခဲ့ကြကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *