ရှေ့တန်းစစ်မြေပြင်ကတပ်မတော်သားတို့ရဲ့ ပြည်သူအပေါ်စိတ်ထား

တပ်မတော်သားတွေဆိုတာ ရောက်တဲ့နေရာဒေသတွေမှာ ဒေသခံတိုင်းရင်းသားတွေကို အတတ်နိုင်ဆုံးကူညီပေးကြတယ်…
အခု အကြမ်းဖက်အစွန်းရောက်အဖွဲ့တွေကြောင့် ဒေသခံတိုင်းရင်းသားတွေ နေရပ်စွန့်ခွာကြရတယ်။

အဆိုးဆုံးက ကျေးရွာတွေမှာရှိတဲ့ လူငယ်/ရွယ် ကျား/မတွေကို အကြမ်းဖက်အဖွဲ့တွေက အတင်းအဓမ္မလူသစ်စုကြတာပါပဲ၊ သူတို့အဖွဲ့ရေရှည်ရပ်တည်နိုင်ရေး တစ်ဖွဲ့ကောင်းစားရေးအတွက် ဘယ်သူ့မျက်နှာမှမထောက် မိသားစုသံယောဇဉ်ကြိုးတွေကို အကြမ်းဖက်နည်းနဲ့ဖျက်စီးပြီးလုပ်တဲ့နည်းရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေက သူတို့နဲ့ ပါသွားတဲ့ လူငယ်/ရွယ်တွေက မိမိ မိဘတွေကို မစောင့်ရှောက်နိုင်ကြတော့တာပဲ။

အချို့ကလည်း မိဘရှိမှန်းသိလျက်နဲ့ ကိုယ်လွှတ်ရုန်းစွန့်ပစ်ခဲ့တာလည်းရှိကြတယ်၊ အခု video မှာပါတဲ့ ဒေသခံဓနုတိုင်းရင်းသူ အမေကြီးရဲ့ အဖြစ်က အရမ်းသနားဖို့ကောင်းတယ်၊ တပ်မတော်စစ်‌ကြောင်းရှိလို့ သူ့အတွက် စားစရာနဲ့ အိမ်သုံးဆေး ကျန်းမာရေးကအစ အဆင်ပြေတယ်၊ အဲဒီကျေးရွာမှာ တပ်မတော်စစ်ကြောင်းမရှိတော့ရင် ဘယ်လိုလုပ်မလဲ စဉ်းစားကြည့်ပါ၊ ဖြစ်ကိုဖြစ်ရမှာက စွန့်ပစ်ခဲ့ကြတဲ့ သားသမီးများအနေနဲ့ အသက်အရွယ်ကြီးနေပြီး အထီးကျန်တစ်ဦးတည်းဖြစ်နေတဲ့ မိမိ မိဘတွေကို ပြန်လည်‌ဂရုစိုက်စောင့်ရှောက်ရမှာပါ။

မိဘကျေးဇူးဆပ်နိုင်ကြပါစေ…စေတနာဖြင့်

ဦးဦးပိုင်ဦး

Leave a Reply

Your email address will not be published. Required fields are marked *