တိုင်းပြည်ငြိမ်းချမ်းရေးက ကျွန်တော်တို့နိုင်ငံအတွက် အဓိကဦးစားပေးလိုအပ်ချက် ဖြစ်ပါတယ်။ သက်ဆိုင်သူတွေအားလုံးက အသိတရားရှိရှိနဲ့ဝိုင်းဝန်းလုပ်ဆောင်ပေးကြဖို့ တိုက်တွန်းချင်ပါတယ်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ၃၁-၇-၂၀၂၆ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့တက်ရောက်၍ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းပြောကြားပြီး မီဒီယာများ၏မေးမြန်းမှုများအပေါ်အောက်ပါအတိုင်းဖြေကြားခဲ့ပါသည် –         

မေး။       လူငယ်တွေအတွက် သတင်းစကားပါးပေးစေလိုပါတယ်။

ဖြေ။       လူငယ်တွေအနေနဲ့ ကိုယ့်ဘဝအတွက် ကြိုးစားကြဖို့လိုပါတယ်။ နောက်တစ်ခုက ပညာရေး အားနည်းချက်ရှိနေတယ်။ လူငယ်တွေအနေနဲ့ ပညာရေးမှာကြိုးစားကြပြီး ပညာတတ်တွေဖြစ်အောင်လုပ်ကြဖို့၊ စည်းကမ်းနဲ့ပတ်သက်ပြီးသိရှိအောင်လုပ်ကြဖို့၊ ကြိုးစားအားထုတ်ကြဖို့လိုပါတယ်။ နောက်ပြီး  အပျော် အပါးတွေ လျှော့စေချင်တယ်။ လူငယ်တွေ ကြိုးစားစေချင်တယ်။ တိုင်းပြည်အတွက် အလားအလာတွေအများကြီးရှိပါတယ်။

မေး။       ငြိမ်းချမ်းရေးအတွက်လည်း စကားလက်ဆောင်ပြောကြားပေးစေလိုပါတယ်။

ဖြေ။       ငြိမ်းချမ်းရေးက ကျွန်တော်တို့ အလိုချင်ဆုံးဆန္ဒဖြစ်ပါတယ်။ ငြိမ်းချမ်းမှ တိုင်းပြည်တိုးတက်အောင်လုပ်လို့ရမယ်။ နိုင်ငံတကာနဲ့ရင်ဆိုင်နိုင်မှာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ခေတ်ကာလနဲ့ကိုက်ညီတဲ့အခြေအနေကိုသွားနိုင်ဖို့အတွက် သက်ဆိုင်တဲ့ပုဂ္ဂိုလ်များက ဒါကိုမျှော်မှန်းချက်ကြီးကြီးနဲ့ လုပ်ဆောင်သွားဖို့လည်းလိုအပ်ပါတယ်။ ဖြစ်နိုင်တာတွေ လုပ်ကြမယ်ဆိုရင်ဖြစ်ပါတယ်။ မဖြစ်နိုင်တာတွေသွားမယ်ဆိုရင် အခက်အခဲတွေရှိနေကြဦးမှာဖြစ်ပါတယ်။ ဒါကြောင့် တိုင်းပြည်ငြိမ်းချမ်းရေးက ကျွန်တော်တို့နိုင်ငံအတွက် အဓိကဦးစားပေးလိုအပ်ချက်ဖြစ်ပါတယ်။ သက်ဆိုင်သူတွေအားလုံးက အသိတရားရှိရှိနဲ့ဝိုင်းဝန်းလုပ်ဆောင်ပေးကြဖို့ တိုက်တွန်းချင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *