စက်သုံးဆီစျေး ဆက်လက်ကျဆင်းနေပြီး ဓာတ်ဆီတစ်လီတာ ၃၂၅၀ ကျပ်နှင့် ဒီဇယ်တစ်လီတာ ၃၀၉၅ ကျပ်သို့ ရောက်ရှိ

စက်သုံးဆီဈေးနှုန်းသည် သင်္ကြန်ကျော်ကာလမှစတင်ကာ (၁၂)ပတ်ဆက်တိုက် ကျဆင်းလာခဲ့ပြီး ဓာတ်ဆီတစ်လီတာ ၃၂၅၀ ကျပ်နှင့် ဒီဇယ်တစ်လီတာ ၃၀၉၅ ကျပ် ရှိနေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ယနေ့ (ဇူလိုင် ၁၀ ရက်) တွင် ထုတ်ပြန်လိုက်သည့် ရည်ညွှန်းဈေးနှုန်းများအရ ရန်ကုန်မြိုတွင် စက်သုံးဆီဈေးနှုန်းများမှာ တစ်လီတာလျှင် –
ဓာတ်ဆီ 92 Ron: ၃,၂၅၀ ကျပ်၊
ဓာတ်ဆီ 95 Ron: ၃,၃၁၀ ကျပ်၊
ဒီဇယ် (HSD 500 ppm): ၃,၀၉၅ ကျပ်၊
ပရီမီယံဒီဇယ် (HSD 50 ppm/10 ppm): ၃,၇၉၀ကျပ်အထိ ဖြစ်သည်။ ဇူလိုင် ၁၆ ရက်အထိ ယင်းဈေးနှုန်းအတိုင်းသာ ရှိနေမည်ဖြစ်သည်။

ယခုတစ်ပတ်စက်သုံးဆီဈေးနှုန်းကို ယခင်တစ်ပတ်ဈေးနှုန်းနှင့် နှိင်းယှဉ်ပါက
ဓာတ်ဆီ 92 Ron: တစ်လီတာလျှင် ၁၁၀ ကျပ်၊
ဓာတ်ဆီ 95 Ron: တစ်လီတာလျှင် ၁၀၀ ကျပ် ထပ်မံကျဆင်းခဲ့သည်။
ဒီဇယ် တစ်လီတာလျှင် ငါးကျပ် ဈေးတက်ပြီး
ပရီမီယံဒီဇယ်တစ်လီတာလျှင် ၁၀ ကျပ်  ကျဆင်းခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *