သမ္မတရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ သမ္မတဦးမင်းအောင်လှိုင် တရုတ်နိုင်ငံသို့ ငါးရက်ကြာ ချစ်ကြည်ရေးခရီး သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ၏ ပြောကြားချက်အရ တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်ကို လက်ခံသည့်အနေဖြင့် မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်သည်
ဇွန် ၁၅ ရက်မှ ၁၉ ရက်အထိ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ခရီးစဉ်အဖြစ် လာရောက်လည်ပတ်မည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်မှာ တရုတ်နိုင်ငံသို့ ၂၀၂၀ ပြည့်နှစ်နောက်ပိုင်းတွင် နှစ်ကြိမ်သွားရောက်ခဲ့ကြောင်း သိရသည်။
ပထမအကြိမ်မှာ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတွင် မဲခေါင်ဒေသတွင်းနိုင်ငံများ ထိပ်သီးအစည်းအဝေး(GMS) တရုတ်ဝန်ကြီးချုပ် လီချန်နှင့်တွေ့ဆုံခဲ့ကြောင်း သိရသည်။
ဒုတိယအကြိမ်မှာ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၃၀ ရက်မှ စက်တင်ဘာ ၆ ရက်အထိ ပြုလုပ်သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SCO SUMMIT 2025 Plus) ထိပ်သီးအစည်းအဝေးနှင့် ပေကျင်းမြို့တွင်ကျင်းပသည့် ဖက်ဆစ်ဆန့်ကျင်ရေးနှင့်ဒုတိယကမ္ဘာစစ်အောင်နိုင်ခြင်း နှစ် (၈၀) ပြည့် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ခဲ့ခြင်းဖြစ်သည်။
ယင်းခရီးစဉ်အတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် သီးခြားတွေ့ဆုံ ဆွေးနွေးခဲ့ပြီး ရုရှားသမ္မတ ပူတင်၊ အိန္ဒိယဝန်ကြီးချုပ် မိုဒီ၊ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် အပါအဝင် အခြားနိုင်ငံတကာ ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံခဲ့သည်။
တရုတ်သမ္မတ ရှီကျင်းပင်နှင့် တွေ့ဆုံရာတွင် နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၊ ရွေးကောက်ပွဲကျင်းပရေး ကိစ္စရပ်များနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့သည်။
