အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် မေ ၁၃ ရက်က တရုတ်နိုင်ငံ ပေကျင်းမြို့တော်သို့ ရောက်ရှိလာခဲ့သည်။
ထရန့်၏ ယနေ့ ပထမဆုံး ခရီးစဉ်အစဖြစ်သည့် မေ ၁၄ ရက်တွင် ပေကျင်းမြို့တော်ရှိ ပြည်သူ့ခန်းမဆောင်တွင် ပြုလုပ်သည့် ကြိုဆိုပွဲအခမ်းအနားတွင် သမ္မတရှီကျင်းပင်နှင့် တွေ့ဆုံပြီး လက်ဆွဲနှုတ်ဆက်ခဲ့သည်။
ထရန့်နှင့် ရှီတို့သည် ယနေ့ညနေပိုင်းတွင် ကျင်းပမည့် နိုင်ငံတော်ညစာစားပွဲ မတိုင်မီ ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်သည်။
ကမ္ဘာ့ထိပ်သီး အင်အားကြီးနှစ်နိုင်ငံအကြား ဆွေးနွေးမည့် အစီအစဉ်များတွင် အခွန်စည်းကြပ်မှုများ၊ နည်းပညာဆိုင်ရာ ယှဉ်ပြိုင်မှုများ၊ အီရန်စစ်ပွဲနှင့် ထိုင်ဝမ်အရေးတို့ ပါဝင်နေသည်။
