အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ယခုသီတင်းပတ်ထဲတွင် တရုတ်သို့သွားမည့် ခရီးစဉ်အတွင်း တရုတ်(တိုင်ပေ)ကို အမေရိကန်လက်နက်ရောင်းချမှုကိစ္စအားဆွေးနွေးရန် အဆင်သင့်ဖြစ်နေသည်ဟု မေ ၁၁ ရက်တွင် ပြောကြားခဲ့သည်။
တရုတ်သမ္မတရှီကျင်းပင်နှင့် မိမိတို့၏ ပုဂ္ဂိုလ်ရေးခင်မင်မှုက တရုတ်(တိုင်ပေ)ကို တရုတ်ကျူးကျော်ခြင်းအား ဟန့်တားပေးလိမ့်မည်ဟု အမေရိကန်သမ္မတက ပြောကြားခဲ့သည်။
တရုတ်သို့ သွားသောခရီးစဉ်အတွင်း သမ္မတနှင့်အတူ အမေရိကန်ထိပ်တန်းလုပ်ငန်းရှင်များလည်း လိုက်ပါသွားမည်ဟု အိမ်ဖြူတော်က ပြောကြားခဲ့သည်။ ထိုအထဲတွင် အီလွန်မက်စ်၊ အက်ပဲလ်၏တင်ကွတ်တို့ပါ ဝင်ကြမည်ဖြစ်ကာ အမေရိကန်သမ္မတသည် ကုန်သွယ်ရေးတိုးမြှင့်နိုင်ရေးအတွက် မျှော်လင့်ထားသော ခရီးစဉ်ဖြစ်သည်ဟု အိမ်ဖြူတော်က ပြောကြားခဲ့သည်။
မေ ၁၃ ရက်မှ ၁၅ ရက်အထိ ခရီးစဉ်အတွင်း အမေရိကန်နှင့် တရုတ်တို့အကြား ပိုမိုကြီးမားသည့် တည်ငြိမ်မှုရရှိရေးကို မိမိတို့ မျှော်လင့်ကြောင်း တရုတ်က ပြောကြားခဲ့သည်။
ထရန့်ကိုယ်တိုင် ၂၀၁၇ ခုနှစ်တုန်းက တရုတ်နိုင်ငံကို လာခဲ့ပြီးနောက် ယခုခရီးသည် အမေရိကန်သမ္မတတစ်ဦး၏ပထမဆုံး တရုတ်ခရီးစဉ်ဖြစ်လာမည်ဖြစ်သည်။
တရုတ်အဓိက စိတ်ကသိကအောက်ဖြစ်ရသည့်အရာဖြစ်သည့် အမေရိကန်က တရုတ် (တိုင်ပေ)သို့ လက်နက်များ ဆက်လက်ရောင်းချခြင်းပြုမလားဆိုသည်ကို မေးမြန်းသည့်အခါ ထရန့်က တိုက်ရိုက် ဖြေကြားခြင်းမပြုသော်လည်း “အဲဒီကိစ္စကို သမ္မတရှီနဲ့ ဆွေးနွေးမှာဖြစ်ပါတယ်” ဟု ဖြေကြားခဲ့သည်။
“သမ္မတရှီှတော့ ကျွန်တော်တို့ ရောင်းတာမျိုးကို မလိုလားပါဘူး။ အဲဒီိကိစ္စကို ကျွန်တော် ဆွေးနွေးသွားမှာဖြစ်ပါတယ်။ အဲဒါဟာကျွန်တော်ဆွေးနွေးမယ့် အကြောင်းအရာ ပေါင်းစုံထဲက တစ်ခုဖြစ်ပါတယ်” ဟု ထရန့် က အမေရိကန်သမ္မတရုံးတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
ယူကရိန်းကို ရုရှားကျူးကျော်မှုအား ရည်ညွှန်းခဲ့ပြီးနောက် ထရန့်က တရုတ်(တိုင် ပေ) နှင့်ပတ်သက်၍ပြောကြားရာ၌ “တရုတ်က တရုတ်(တိုင်ပေ)ကို ကျူးကျော်တာမျိုးဖြစ်လာမယ် မထင်ပါဘူး” ဟု ဆိုခဲ့သည်။
“ကျွန်တော်တို့ အဆင်ပြေမယ်ထင်ပါ တယ်။ ကျွန်တော်က သမ္မတရှီနဲ့ အလွန် ကောင်းမွန်တဲ့ဆက်ဆံရေးရှိပါတယ်။ တရုတ်က တရုတ်(တိုင်ပေ)ကို ကျူးကျော်တာမျိုးကို ကျွန်တော်ကမဖြစ်စေချင်းဘူးဆိုတာ သူသိပါတယ်” ဟု အမေရိကန်သမ္မတက ပြောကြားခဲ့သည်။
သို့သော်လည်း အမေရိကန်ပြည်ထောင်စုသည် တရုတ်နှင့်နှိုင်းယှဉ်သည့်အခါ အလွန့်အလွန် ကွာလှမ်းနေသည်ဟုလည်း ထရန့်က မှတ်ချက်ပေးခဲ့သည်။
ထရန့်၏ပြောစကားများနှင့်ပတ်သက်၍ တရုတ်(တိုင်ပေ)၏နိုင်ငံခြားရေးဝန်ကြီးဌာနကို မေးမြန်းသည့်အခါ တရုတ်(တိုင်ပေ) က အမေရိကန်ပြည်ထောင်စုနှင့် ပူးပေါင်းဆောင်ရွက်မှုကို တောင့်တင်းစေရန် ဆက်လက်ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။ အမေရိကန်သည် တရုတ်(တိုင်ပေ)ကို အဓိက ပံ့ပိုးပေးနေသည်။
