မော်ရင်ဟိုနဲ့ ရီးယဲလ်အသင်း နောက်ဆုံးအဆင့်ဆွေးနွေးမှု စတင်ပြုလုပ်

ရီးယဲလ်အသင်းဟာ ပေါ်တူဂီနည်းပြ မော်ရင်ဟိုနဲ့ တစ်ကျော့ပြန်လက်တွဲဖို့အတွက် နောက်ဆုံးအဆင့်ဆွေးနွေးမှု စတင်ပြုလုပ်နေပြီဖြစ်ကြောင်း သိရပါတယ်။

ရီးယဲလ်အသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ နည်းပြ အလွန်ဆိုနဲ့ လမ်းခွဲပြီး အာဘီလိုအာကို ရာသီကုန်အထိ ခန့်အပ်ထားပါတယ်။

ရီးယဲလ်အသင်းဥက္ကဋ္ဌ ဖလော်ရင်တီနိုပီရက်ဇ်က အဲဒီအချိန်ကတည်းက မော်ရင်ဟိုကို နည်းပြအဖြစ် ပြန်လည်ခန့်အပ်ဖို့ စဉ်းစားခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

ဥရောပထိပ်သီးအသင်းများစွာကို ကိုင်တွယ်ခဲ့ပြီး အောင်မြင်မှုများစွာ ရယူနိုင်ခဲ့တဲ့ မော်ရင်ဟိုဟာ ရီးယဲလ်အသင်းကို ၂၀၁၀ ကနေ ၂၀၁၃ အထိ ကိုင်တွယ်ခဲ့ဖူးပြီး လာလီဂါချန်ပီယံဆုတစ်ကြိမ်၊ စပိန်ဘုရင့်ဖလားတစ်ကြိမ်၊ စပိန်စူပါဖလားတစ်ကြိမ် ရယူပေးနိုင်ခဲ့ပါတယ်။

အသင်းရဲ့ အဓိကရည်မှန်းချက်ဖြစ်တဲ့ ချန်ပီယံလိဂ်ဖလား မရရှိတာကြောင့် လမ်းခွဲခဲ့ရတာဖြစ်ပြီး အခု (၁၃)နှစ်အကြာမှာ ပြန်လည်လက်တွဲဖို့ အလွန်နီးစပ်တဲ့ အနေအထားကို ရောက်ရှိနေပြီဖြစ်ကြောင်း သိရပါတယ်။

လက်ရှိအချိန်မှာ ဘင်ဖီကာအသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတဲ့ မော်ရင်ဟိုကို ရီးယဲလ်အသင်းက ရာသီအဆုံးသတ်ပြီး (၁၀)ရက်အတွင်း ခေါ်ယူမယ်ဆိုရင် လျော်ကြေးယူရို(၃)သန်းသာ ပေးချေရမှာဖြစ်ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *