၁။ တပ်မတော်လူငယ်ပညာရေး သင်တန်းကျောင်းများနှင့် ပညာရေးကျောင်းများတွင် ပညာရေးနည်းပြ(စာပေ) အဖြစ် အမှုထမ်းဆောင်ရန် အောက်ပါ အရည်အချင်းနှင့်ပြည့်စုံသူများ လျှောက်ထားနိုင်သည်-
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။
( ခ ) တက္ကသိုလ်၊ သို့မဟုတ် ကောလိပ်တစ်ခုခုမှဘွဲ့ရရှိပြီးသူဖြစ်ရမည်။ (ပညာရေးဘွဲ့ရရှိသူများအား ဦးစားပေးမည်။)
( ဂ ) အသက် ၃၀ နှစ်ထက် မကြီးစေရ။
(ဃ) ကျန်းမာရေးကောင်းမွန်ရမည်။
( င ) မည်သည့်ပညာရေးကျောင်းများတွင်မဆို သွားရောက်တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
၂။ လျှောက်ထားသူသည် အောက်ပါစာရွက်စာတမ်းများယူဆောင်လာရမည်-
(က) ကိုယ်ရေးအချက်အလက်။
( ခ ) တက္ကသိုလ်ဝင်စာမေးပွဲအောင်လက်မှတ်(မူရင်းနှင့်မိတ္တူ)။
( ဂ ) အလုပ်သမားမှတ်ပုံတင်ကတ်ပြား(မူရင်းနှင့်မိတ္တူ)။
(ဃ) တက္ကသိုလ်၊ သို့မဟုတ် ကောလိပ်တစ်ခုခုမှဘွဲ့ရရှိကြောင်း ထောက်ခံချက်၊ သို့မဟုတ် ဘွဲ့လက်မှတ်(မူရင်းနှင့် မိတ္တူ)။
( င ) အကျင့်စာရိတ္တကောင်းမွန်ကြောင်းနှင့် ပြစ်မှုကင်းရှင်းကြောင်း သက်ဆိုင်ရာကျေးရွာ/ရပ်ကွက်နှင့် ရဲတပ်ဖွဲ့စခန်း တို့မှ ထောက်ခံချက်များ။
၃။ လျှောက်ထားလိုပါက အရည်အချင်းပြည့်မီခြင်း ရှိ/မရှိ စစ်ဆေးခံရန် အောက်ပါပညာရေးကျောင်းများသို့ ၁-၅-၂ဝ၂၆ ရက်မှစ၍ လူကိုယ်တိုင်သွားရောက်လျှောက်ထားနိုင်သည်-
(က) အမှတ်(၁)တပ်မတော်လူငယ်ပညာရေး (ဆ) အမှတ်(၅)ပညာရေးကျောင်း(တောင်ငူမြို့)။
သင်တန်းကျောင်း(ရဲမွန်မြို့)။ (ဇ) အမှတ်(၆)ပညာရေးကျောင်း(မော်လမြိုင်မြို့)။
( ခ ) အမှတ်(၂)တပ်မတော်လူငယ်ပညာရေး (ဈ) အမှတ်(၇)ပညာရေးကျောင်း(မြစ်ကြီးနားမြို့)။
သင်တန်းကျောင်း(နေပြည်တော်)။ (ည) အမှတ်(၈)ပညာရေးကျောင်း(လားရှိုးမြို့)။
( ဂ ) အမှတ်(၁)ပညာရေးကျောင်း(မြိတ်မြို့)။ (ဋ) အမှတ်(၉)ပညာရေးကျောင်း(ပုသိမ်မြို့)။
(ဃ) အမှတ်(၂)ပညာရေးကျောင်း(မိတ္ထီလာမြို့)။ (ဌ) အမှတ်(၁၀)ပညာရေးကျောင်း(စစ်တွေမြို့)။
( င ) အမှတ်(၃)ပညာရေးကျောင်း(အောင်ပန်းမြို့)။ (ဍ) အမှတ်(၁၁)ပညာရေးကျောင်း(မုံရွာမြို့)။
( စ ) အမှတ်(၄)ပညာရေးကျောင်း(ရဲမွန်မြို့)။ (ဎ) အမှတ်(၁၂)ပညာရေးကျောင်း(ကျိုင်းတုံမြို့)။
၄။ ရွေးချယ်ခန့်အပ်ခြင်း ခံရပါက အောက်ပါအကျိုးခံစားခွင့်များ ရရှိမည်ဖြစ်ပါသည်-
(က) လစာ
အဆင့်/အတန်း အခြေခံလစာ နှစ်တိုး ပေါင်း
(၁) တပ်ကြပ်ကြီး/နည်းပြ(စစ်သည်အစားခန့်) ၁၉၈၀၀၀ ၂၀၀၀ ၂၀၈၀၀၀
(၂) ဒုတိယအရာခံဗိုလ်/နည်းပြ(စစ်သည်အစားခန့်) ၂၁၆၀၀၀ ၂၀၀၀ ၂၂၆၀၀၀
(၃) အရာခံဗိုလ်/နည်းပြ(စစ်သည်အစားခန့်) ၂၃၄၀၀၀ ၂၀၀၀ ၂၄၄၀၀၀
မှတ်ချက်။ နှစ်တိုးလစာကို ၂ နှစ်လျှင် ၂၀၀၀ ကျပ်နှုန်းဖြင့် ၁၀၀၀၀ ကျပ်အထိ ခံစားခွင့်ရှိသည်။ အပိုထောက်ပံ့ငွေအား နိုင်ငံ့ဝန်ထမ်းများ နည်းတူ ခံစားခွင့်ရှိသည်။
( ခ ) နေအိမ်၊ ရေ၊ မီးနှင့် တပ်မတော်ဆေးရုံ/ဆေးခန်းများတွင် ဆေးကုသခွင့် အခမဲ့ ခံစားခွင့်ရရှိမည်။
( ဂ ) လုပ်သက် ၅ နှစ်ပြည့်ပါက ပညာရေးဒီပလိုမာစာပေးစာယူသင်တန်းသို့ တက်ရောက်ခွင့်ရရှိရေး ဆောင်ရွက်ပေးမည်။
(ဃ) သက်ဆိုင်ရာကျောင်းမှ ကျောင်းဝတ်စုံ တစ်နှစ်လျှင် ၂ စုံနှုန်း ထောက်ပံ့ပေးခြင်းနှင့် အခြားထောက်ပံ့မှုများအား အခါအားလျော်စွာ ဆောင်ရွက်ပေးမည်။
မှတ်ချက်။ အသေးစိတ်သိရှိလိုပါက နီးစပ်ရာပညာရေးကျောင်းများနှင့် ဖုန်း-၀၃၆-၃၀၅၃၁/၀၃၆-၃၀၅၆၆ သို့ ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည်။
