ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ်(State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ စက်တင်ဘာ ၁၁ ရက် မွန်းလွဲပိုင်းတွင် ဖနွမ်းပင်မြို့ရှိ ခမည်းတော်ဘုရင် Preah Borom Ratanak Kaudh ကျောက်တိုင်တို၌ လွမ်းသူ့ပန်းခွေချ အလေးပြုသည်။