ပြည်သူနှင့်တပ်မတော်သည် ခွဲခြားမရ၍ ချစ်ချစ်ခင်ခင်နှင့် စည်းစည်းလုံးလုံးရှိနေစေရန်လုပ်ဆောင်ရမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးက ဧပြီ ၂၂ ရက် နံနက်ပိုင်းတွင် မကွေးတပ်နယ်ရှိအရာရှိ၊ စစ်သည်၊ မိသားစုများအားတွေ့ဆုံ၍ အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြား

ပြည်သူနှင့်တပ်မတော်သည် ခွဲခြားမရ၍ ချစ်ချစ်ခင်ခင်နှင့် စည်းစည်းလုံးလုံးရှိနေစေရန်လုပ်ဆောင်ရမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးက ဧပြီ ၂၂ ရက် နံနက်ပိုင်းတွင် မကွေးတပ်နယ်ရှိအရာရှိ၊ စစ်သည်၊ မိသားစုများအားတွေ့ဆုံ၍ အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်သူနှင့်တပ်မတော်ဆိုသည်မှာ ခွဲခြား၍မရဘဲ ပြည်သူနှင့်တပ်မတော် ချစ်ချစ်ခင်ခင်နှင့် စည်းစည်းလုံးလုံးရှိနေစေရန်လုပ်ဆောင်ရမည်ဖြစ်ပြီး မြန်မာနိုင်ငံ၌ တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးအတွက်(၂၄)နာရီတာဝန်ရှိပြီး ပြည်သူ့အကျိုးစီးပွားကို ဖော်ဆောင်ပေးရမည်ဟု ပြောသည်။

” တပ်မတော်ဟာ ပြည်သူကပေါက်ဖွားလာတာဖြစ်တဲ့အတွက် ပြည်သူ့အကျိုးကို ဖော်ဆောင်ပေးဖို့တာဝန်ရှိတာကို မိမိတို့အမြဲတမ်းခံယူထားရမယ့် နဂိုကတည်းကရှိပြီးသားဖြစ်ရမယ့်စိတ်ဓာတ်ဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်ကြီးရဲဝင်းဦးက ပြောသည်။

ထို့နောက် ဗိုလ်ချုပ်ကြီးရဲဝင်းဦးက တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာပစ္စည်းများ၊ ၎င်း၏ဇနီးက တပ်နယ်ရှိ မိခင်နှင့်ကလေးစောင်ရှောက်ရေးအသင်းအတွက် ချီးမြှင့်ငွေများကိုပေးအပ်ခဲ့ကြပြီးနောက် နယ်မြေခံတပ်ရင်းအတွင်း လက်ရှိအခြေခံပညာမူလတန်းကျောင်းအား အခြေခံပညာအ လယ်တန်းကျောင်းအဆင့်တိုးချဲ့ဆောက်လုပ်မည့်နေရာ၊ နယ်မြေခံလေတပ်စခန်းဌာနချုပ်အတွင်း မီတာ (၄၀၀)ရာဘာပြေးလမ်းပါ ဘောလုံးကွင်းနှင့် (၁,၅၅၆) ဦးဆံ့ပွဲကြည့်ဆောင် ဆောက်လုပ်နေမှုတို့ကိုကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့ပြင် ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် ဇနီးတို့က နယ်မြေခံ တပ်မတော်ဆေးရုံတွင်ဆေးကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များကြည့်ရှု၍ အားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ၊ ဆေးရုံအတွက် အလှူငွေများကိုထောက်ပံ့ပေးအပ်လှူဒါန်းခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *