နိုင်ငံတကာထူးခြားသတင်းများ
-“အမေရိက” အမည်ရှိ တတိယပါတီတစ်ခုကို တည်ထောင်ခဲ့သော အီလွန်မတ် အား ထရန့် က “ဟာသဘဲ” ဟုမှတ်ချက်ပြုလိုက်သည်။
-အာဖဂန် ၆ သန်းခန့်ကိုလက်ခံထားရသော အီရန် ကပြန်နှင်ထုတ်သဖြင့် ၁ ရက်တည်း ဒုက္ခသည် ၄၃၀၀၀ အထိ နယ်စပ်ဖြတ်ကျော်ပြန်ခဲ့သည်။
-ပါကစ္စတန် ကရာချိ မြို့တွင် အထပ်မြင့်တိုက်ပြိုကျရာ လူ ၂၇ ယောက်သေပြီး အပျက်အဆီးများကြားက လူ ၁၀ ဦးကိုအသက်ရှင်လျှက်ကယ်နိုင်ခဲ့သည်။
-အာဖဂန်နယ်စပ်တွင် ပြီးခဲ့သည့်လက အသေခံဗုံးခွဲသမားကြောင့် ပါကစ္စတန် စစ်သား ၁၆ ဦးသေခဲ့ပြီးနောက် နယ်မြေရှင်းလင်းရာ တာလီဘန် ၃၀ ဦးအသေရပြီး လက်နက်ခဲယမ်းများပါသိမ်းနိုင်ခဲ့ကြောင်းသိရသည်။
-အိုမန် တွင် အိမ်ဖော်လုပ်ကိုင်သူ မြန်မာ အမျိုးသမီးအား အိမ်ရှင်ကမုဒိမ်းကျင့်၍ အေးဂျင့် ထံ တိုင်ကြားရာ ၊ အေးဂျင့်ရုံးရှိ မြန်မာအမျိုးသမီး စကားပြန် က အလုပ်ရှင်ဘက် မှ ကာကွယ်ပြောဆိုနေ၍ အဆိုပါ အိမ်ဖော်က စကားပြန် ကို ဒါးနှင့်ထိုးသတ်ခဲ့သည်။
-ထိုင်းနိုင်ငံရှိမြန်မာဒုက္ခသည်စခန်းများ နှစ်စဥ် ဇူလိုင်လတွင် သက်တမ်းတိုးပြီး ထောက်ပံ့ကြေးများရရှိခဲ့သော်လည်း ယ္ခုလမှစ၍ မည်သည့်ထောက်ပံ့မှု့မှမရတော့ကြောင်း သိရသည်။
ပြည်တွင်းထူးခြားသတင်းများ
-အမ်း – ပဒါန်းလမ်းပေါ်ရှိ နတ်ရေကန် ကာကင်း ၊ တာဝါတိုင်စခန်း တပ်မှပြန်တိုက်နေရာ AA တို့ အထိနာနေပြီး ကျောက်ဖြူ ကိုလည်း တပ်က ရေကြောင်းမှ အင်အားရာချီဖြည့်တင်းလျှက်ရှိသည်။
-ရိခေါဒါ ကို သိမ်းထားသော CDF အဖွဲ့အား AA နှင့် ပေါင်းထားသော CNDF က တိုက်ထုတ်လိုက်ပြီးနောက် ၊ ဖလမ်းမြို့နယ်အတွင်းရှိ CNDF ဌာနချုပ်ကို CDF ကတန်ပြန် သိမ်းယူလိုက်သည် ၊တဖန် လိုင်လင်းပီ ရှိ CDF ဌာနချုပ်အား AA + CNDF တို့ချဥ်းကပ်လာမှု့အပေါ် နောက်ဆုတ်သွားရန် အဖွဲ့ခွဲတစ်ခုဖြစ်သော CDF မရာ အဖွဲ့ က သတိပေးထားသည်။
-ပုပ္ပါးတောင်တွင်သစ်ပင်စိုက်နေသော သစ်တော AD နှင့် ဝန်ထမ်း ၂ ဦး ၊ ပရဟိတ သစ်ပင်စိုက်သူ ၂ ဦး ၊ ကျေးရွာအုပ်ကြီး ၁ ဦးတို့အား PDF ဖမ်းထားသည်။
-မြစ်ကြီးနား စီတာပူ ရပ်ကွက်ရှိ နစက အဖွဲ့ဝင် ဒေါ်ဒွဲဘူ နေအိမ် လက်ပစ်ဗုံးအပစ်ခံရသော်လည်း ထိခိုက်မှု့မရှိပါ ။
