အာဆီယံ ယူ-၁၇ လူငယ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် ထိုင်းအသင်းကို ၁ ဂိုး ဂိုးမရှိဖြင့် မြန်မာအသင်း အနိုင်ရ

အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပသည့် ASEAN U17 Boys’ Championship 2026 ပြိုင်ပွဲ အုပ်စု ပွဲစဉ် ဒုတိယ ပွဲစဉ်အဖြစ် ထိုင်း အသင်းနှင့် မြန်မာအသင်းတို့ ဧပြီ ၁၅ ရက် တွင် ယှဉ်ပြိုင်ခဲ့ပြီး မြန်မာအသင်းက တစ်ဂိုး ဂိုးမရှိ နှင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီ ၁၂ ရက်နေ့က အုပ်စု ပထမဆုံးပွဲစဉ်အဖြစ် လာအိုအသင်း နှင့် ယှဉ်ပြိုင်ခဲ့ပြီး ဂိုးမရှိ သရေကျထားခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် မြန်မာအသင်း အုပ်စု (B) အတွင်း ကျရောက်ပြီး ထိုင်း၊ လာအို၊ ဖိလစ်ပိုင်၊ အသင်းတို့ နှင့် အုပ်စုတူကျရောက်နေခြင်းလည်း ဖြစ်သည်။

လက်ရှိ အုပ်စုပွဲစဉ် ၂ ပွဲ ယှဉ်ပြိုင်ကစားပြီးချိန် ၌ မြန်မာအသင်းအနေဖြင့် လာအို အသင်းနှင့် အမှတ်တူ အုပ်စု ဒုတိယ တွင် ရပ်တည်နေကြောင်းလည်း သိရသည်။

ထို့ပြင် အုပ်စု (A )၌ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ မလေးရှား၊ တီမောအသင်းနှင့် အုပ်စု (B) တွင် ထိုင်း၊ လာအို၊ မြန်မာ၊ ဖိလစ်ပိုင်၊ အုပ်စု (C) တွင် သြစတြေးလျ၊ ကမ္ဘောဒီးယား၊ စင်ကာပူ၊ ဘရူနိုင်း အသင်းတို့ ကျရောက်နေခြင်းလည်း ဖြစ်သည်။

ပြိုင်ပွဲအတွင်း အုပ်စု (၃) စုအနက် အုပ်စုပထမရရှိသည် (၃) သင်းနှင့် အကောင်းဆုံးအုပ်စု ဒုတိယရရှိသည့် (၁) သင်း၊ စုစုပေါင်း (၄) သင်းမှာ ဆီမီးဖိုင်နယ်သို့ တက်ရောက်ရမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *