
နိုင်ငံတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် နားလည်သဘောပေါက်လာကြသည့် PDF အဖွဲဝင် အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၁ ဦး စုစုပေါင်း ၇ ဦးသည် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို ပြန်လည်ဝင်ရောက်လာခဲ့ကြောင်း သိရသည်။
အဆိုပါ ပြန်လည်ဝင်ရောက်လာသူများကို ယနေ့နေ့လယ်ပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းရန်အောင်ခန်းမ၌ ကြိုဆိုလက်ခံပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှပြောင်းအပ်နှံပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
ပြန်လည်ဝင်ရောက်လာသူများတွင် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြိုမှ ၂ ဦး၊ တနင်္သာရီမြိုမှ ၂ ဦး၊ ဘုတ်ပြင်းမြိုမှ ၁ ဦးနှင့် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြိုမှ ၁ ဦး၊ အင်္ဂပူမြိုမှ ၁ ဦး ပါဝင်ကြောင်း သိရသည်။
အခမ်းအနားတွင် တိုင်းမှူး ဗိုလ်ချုပ် ကျော်ကျော်ဟန်နှင့် တာဝန်ရှိသူများက ပြန်လည်ဝင်ရောက်လာသူများအား ကြိုဆိုနှုတ်ဆက်ပြီး အသိပညာပေး အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
