အီရန်နိုင်ငံအပေါ် ဆင်နွှနေသော စစ်ပွဲသည် အပြည်ပြည်ဆိုင်ရာ ဥပဒေများနှင့် ကိုက်ညီမှု ရှိ၊ မရှိကို နိုင်ငံတကာတွင် ကျယ်ကျယ်ပြန့်ပြန့် မေးခွန်းထုတ်စရာ ဖြစ်လာနေပြီး၊ ယင်းစစ်ပွဲကို အမြန်ဆုံး အဆုံးသတ်ရန် လိုအပ်ကြောင်း ယမန်နေ့ ဩစတြေးလျ လွှတ်တော်အဆောက်အအုံတွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ်
ဂျာမနီကာကွယ်ရေးဝန်ကြီးက ပြင်းထန်စွာ သတိပေး ပြောကြားလိုက်သည်။
အီရန်အပေါ် စစ်ရေးအရ တိုက်ခိုက်မှုများသည် အပြည်ပြည်ဆိုင်ရာ ဥပဒေ (International Law) နှင့် ညီညွတ်ခြင်း ရှိ၊ မရှိအပေါ် သံသယများစွာ ရှိနေကြောင်း၊ ကမ္ဘာ့လူဦးရေ များစွာအပေါ် သက်ရောက်မှုရှိနေကြောင်းနှင့် ယင်းစစ်ပွဲကို “အမြန်ဆုံး အဆုံးသတ်ရမည်” (Needs to be ended quickly!) ဟုပြောကြားခဲ့သည်။
