❝၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမနေ့ ဆက်လက်ဖြေဆို❞

၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် ၂၀၂၆ ခုနှစ်၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမနေ့အဖြစ် မတ်လ ၁၆ ရက်နေ့က တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ စာစစ်ဌာနများ၌ ဆက်လက်ကျင်းပခဲ့ရာ ရူပဗေဒဘာသာရပ်၊ သမိုင်းဘာသာရပ်၊ စက်မှုအတတ်ပည (မြေတိုင်းပညာ၊ လျှပ်စစ်ဆိုင်ရာစက်ပစ္စည်းများ၊ ဂဟေဆက်နည်းပညာ)၊ စိုက်ပျိုးရေးအတတ် တ်ပညာ (သီးနှံကာကွယ်ရေး)နှင့် မွေးမြူရေးအတတ်ပညာ (ရေသတ္တဝါမွေးမြူရေးနှင့် ပျားမွေးမြူရေး) ဘာသာရပ်များကို ကျောင်းသား၊ ကျောင်းသူများက ဖြေဆိုခဲ့ကြသည်ဟု သိရသည်။

အဆိုပါ ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ် တိုကို နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ခရိုင်၊ မြိုနယ်၊ စာစစ်ဌာနများနှင့် နိုင်ငံခြားစာစစ်ဌာနအပါအဝင် စာစစ်ဌာန စုစုပေါင်း ၈၈၇ ခု၌ ဝင်ရောက်ဖြေဆိုသူစုစုပေါင်း ၂၅၄၆၄၉ ဦး ဝင်ရောက်ဖြေဆိုခဲ့သဖြင့် (၉၄ ဒသမ ၇၅ ရာခိုင်နှုန်း) ရှိခဲ့သည်ဟုဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *