ပုသိမ်မြို့တွင်းရှိစျေးများ မီးဘေးလုံခြုံရေး အသိပညာပေးခြင်းနှင့် လက်တွေ့မီးငြိမ်းသတ်မှု သရုပ်ပြသ

ပုသိမ်မြို့တွင်းရှိစျေးများ မီးဘေးလုံခြုံရေး အသိပညာပေးခြင်းနှင့် လက်တွေ့မီးငြိမ်းသတ်မှု သရုပ်ပြသခြင်းကို မတ် ၁၂ ရက်က ကျင်းပခဲ့ ကြောင်း ပုသိမ်မီးသတ်တပ်ဖွဲမှ သိရသည်။

ဧရာဝတီတိုင်း‌ဒေသကြီး၊ မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ဆွေဝင်းနှင့်အဖွဲ့သည် ပုသိမ်မြို့၊ ကမ်းနားလမ်းရှိ တိုင်းဒေသကြီး စည်ပင်သာယာရေး အဖွဲရုံးတွင်ဧရာဝတီတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့မှ ညွှန်ကြားရေးမှူးနှင့်ပူးပေါင်းကာ မီးဘေးကြိုတင်ကာကွယ်ရေး အစီအစဉ်များ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် တိုင်းဒေသကြီးစည်ပင်သာယာရေး အဖွဲ့ရုံးတွင် ဈေးများမီးဘေးလုံခြုံရေး အသိပညာပေးခြင်းနှင့် လက်တွေ့မီးငြိမ်းသတ်မှု သူ့ရုပ်ပြသခြင်းကို စည်ပင်သာယာရေးအဖွဲနှင့် မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *