၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ရှမ်းပြည်နယ်အတွင်း ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်  ဦးအောင်အောင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်နိုင်ဦးနှင့် အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ရှိ ဌာန ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပြီး အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အေးမင်းဦး၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်နှင့် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တို့မှ ဒုတိယတိုင်းမှူးများ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာတာဝန်ရှိသူများက  Video  Conferencing   များဖြင့် တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့် အမှာစကားပြောကြားသည်။ ထို့နောက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နှင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တို့မှ တိုင်းမှူးများ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်နှင့်  အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တို့မှ ဒုတိယတိုင်းမှူးများက သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များအလိုက် လုံခြုံရေးကိစ္စရပ်များ ဆောင်ရွက်ထားရှိမှုအခြေအနေများအား အသီးသီးဆွေးနွေးတင်ပြကြသည်။ ယင်းနောက် ပြည်နယ်ပညာရေးမှူးက တက္ကသိုလ် ဝင်စာမေးပွဲဆိုင်ရာ ဆောင်ရွက်ထားရှိမှု အခြေအနေများအား ဆွေးနွေးတင်ပြသည်။ ၎င်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက တက္ကသိုလ်ဝင်စာမေးပွဲ ဆောင်ရွက်ထားရှိမှုအခြေအနေများအား အသီးသီးရှင်းလင်းတင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က  လိုအပ်သည်များမှာကြားပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း   သတင်းရရှိသည်။ 

Leave a Reply

Your email address will not be published. Required fields are marked *