ရွှေတိဂုံစေတီတော်သို ၂၀၂၅ ခုနှစ်အတွင်း ပြည်တွင်း/ပြည်ပဘုရားဖူးဧည့်သည် ၆ ဒသမ ၉ သန်းကျော် လာရောက်ဖူးမြော်

ရန်ကုန်မြိုရှိ ရွှေတိဂုံစေတီတော်သို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်အထိ တစ်နှစ်တာ ကာလအတွင်း ပြည်တွင်း/ပြည်ပဘုရားဖူးဧည့်သည် ၆ ဒသမ ၉ သန်းကျော် လာရောက်ဖူးမြော်ခဲ့ကြောင်း ရွှေတိဂုံစေတီတော်ဘဏ္ဍာထိန်းဂေါပကအဖွဲထံမှ သိရသည်။

၂၀၂၅ ခုနှစ်အတွင်း ဘုရားဖူးဝင်ရောက်မှုအနေဖြင့် သံဃာတော် ၁၃၀,၉၈၇ ပါး၊ သာသနာ့နွယ်ဝင် သီလရှင် ၆၆,၇၄၉ ပါး၊ အမျိုးသား ၃,၀၃၃,၉၃၃ ဦး၊ အမျိုးသမီး ၃,၆၄၉,၄၂၃ ဦး၊ နိုင်ငံခြားသား ၃၆,၇၃၆ ဦး၊ နိုင်ငံခြားသူ ၃၉,၈၆၉ ဦး စုစုပေါင်း ၆,၉၅၇,၆၉၇ ဦး ဝင်ရောက်ခဲ့ကြောင်း သိရသည်။

ရွှေတိဂုံစေတီတော်ဘဏ္ဍာထိန်းဂေါပကအဖွဲက ရပ်နီးရပ်ဝေးမှ ဘုရားဖူးများ စိတ်အေးချမ်းသာစွာ ဖူးမြော် ကြည်ညိုနိုင်စေရန် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၁ ရက်မှစကာ ဘုရားဖူးမြော်ချိန်ကို နံနက် ၄ နာရီမှ ည ၁၀ နာရီအထိ တိုးမြှင့် ဖွင့်လှစ်ပေးထားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *