🚨 အိန္ဒိယနိုင်ငံမှာ သေစေနိုင်တဲ့ Nipah ဗိုင်းရပ်စ် ကူးစက်ပျံ့နှံမှုကို အတည်ပြုလိုက်ပြီဖြစ်ပါတယ်။🚨

ဆရာဝန်၊ သူနာပြုနဲ့ ကျန်းမာရေးစောင့်ရှောက်မှုဝန်ထမ်း အပါအဝင် ငါးဦးကို အတည်ပြုခဲ့ပြီးသူနာပြုဟာ လူနာတစ်ဦးကို ကုသနေချိန် ကူးစက်ခံရပြီးနောက် ကိုမာဝင်တဲ့အထိ ဖြစ်သွားတယ်လို ဆိုပါတယ်။

အာဏာပိုင်တွေဟာ ထိတွေ့မှု ၁၈၀ ကို စစ်ဆေးခဲ့ပြီး လူ ၂၀ ကို သီးခြားခွဲထားခဲ့ပါတယ်။ ဗိုင်းရပ်စ်ဟာ တိရစ္ဆာန်ကတဆင့်ရော၊ လူအချင်းချင်းဆီကပါ ကူးစက်ပြီး ဖျားနာခြင်း၊ဦးနှောက်ရောင်ရမ်းခြင်းအထိ ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ ဖြစ်စေတယ်လို သိရပါတယ်။

Nipah အတွက် ကာကွယ်ဆေး မရှိသေးဘဲ သေဆုံးမှုနှုန်းမှာ ၇၅% အထိ ရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *