အီရန်နဲ့ စစ်ဖြစ်နိုင်လို ကာတာမှာရှိတဲ့ ဗြိတိန်နဲ့ အမေရိကန် စစ်တပ်တွေကို ဆွဲထုတ်ပြီ

အီရန်နိုင်ငံနဲ့ စစ်ဖြစ်လာနိုင်စရာရှိနေတဲ့အတွက် အမေရိကန်နှင့် ဗြိတိန်တိုက ကာတာနိုင်ငံရှိ အယ်လ်ယူဒစ် လေတပ်စခန်းမှ တပ်ဖွဲဝင်များကို ရုပ်သိမ်းခဲ့တယ်လို သိရပါတယ်။ အီရန်နှင့် တင်းမာမှုများ တိုးမြင့်လာခြင်းကြောင့် ကာတာတွင် အဲ့ဒိစစ်တပ်တွေ တည်ရှိမှုကို ကြိုတင်သတိထားတဲ့အနေနဲ့ လေတပ်စခန်းမှ အရေးမပါသော အမှုထမ်းအချိုကို စတင် ရွှေ့ပြောင်းနေလို စစ်ဘက်အရာရှိ နှစ်ဦးက The New York Times သတင်းဌာန သို ပြောကြားခဲ့ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အင်္ဂါနေ့တွင် အီရန်ဆန္ဒပြသူများအား လူမှုမီဒီယာပိုစ်တွင် “အကူအညီများ လာနေပြီ” လိုရေးတင်ခဲ့ပါတယ်။ ပြီးခဲ့သည့် သီတင်းပတ်က ဆန္ဒပြသူ ၅၀၀ နီးပါးကို အီရန်လုံခြုံရေးတပ်ဖွဲများက သတ်ဖြတ်ခဲ့ပြီးနောက် “အလွန်ခိုင်မာသော ရွေးချယ်စရာများ” ကို ထည့်သွင်းစဉ်းစားနိုင်ကြောင်း ၎င်းက သတိပေးခဲ့ပါတယ်။ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူ ၂,၄၀၀ ကျော် အသတ်ခံခဲ့ရတယ်လို လူ့အခွင့်အရေး လှုပ်ရှားတဲ့ အဖွဲတွေက ပြောပါတယ်။ သေဆုံးသူတွေထဲမှာ ကလေး ၁၂ ယောက်လည်း ပါပါတယ်။ လူပေါင်း ၁၈၄၃၄ ဦး ဖမ်းဆီးခံခဲ့ရတယ်လို သိရပါတယ်။

အမေရိကန်ပြည်ထောင်စုသည် အမေရိကန်ခရီးသွားများအား သတိထားရန်နှင့် “ဒေသတွင်းရှိ မည်သည့်စစ်ရေးစခန်းများသိုမဆို မလိုအပ်ဘဲ ခရီးသွားခြင်းကို ကန့်သတ်ရန်” ကိုလည်း အကြံပေးထားပါတယ်။

အယ်လ်ယူဒစ် လေတပ်စခန်းမှ ဆုတ်ခွာလာသော တပ်ဖွဲဝင်များအား ဒေသတွင်းရှိ အိမ်ယာများ သိုမဟုတ် ဟိုတယ်များတွင် ထားရှိထားကြောင်း သိရပါတယ်။ အီရန်က လက်တုံပြန်တဲ့အနေနဲ့ အမေရိကန်တပ်တွေကို တိုက်ခိုက်လာခဲ့ရင် သူတိုကို အန္တရာယ်မဖြစ်အောင် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

အီရန်အရာရှိများသည် အမေရိကန်နှင့် ညှိနှိင်းရန် ကြိုးပမ်းနေကြောင်း ထရမ့်ကပြောထားတာရှိပါတယ်။ အကယ်၍ အမေရိကန်က တိုက်ခိုက်ပါက အမေရိကန်၏ စစ်ဘက်ဆိုင်ရာနှင့် ပိုဆောင်ရေးပစ္စည်းများကို ပစ်မှတ်ထားမယ်လို အီရန်က သတိပေးထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *