နိုင်ငံတော်အစိုးရက မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို အမျိုးသားရေးတာ၀န်တစ်ရပ်အဖြစ်သတ်မှတ်ပြီး ပြတ်ပြတ်သားသားချေမှုန်းရှင်းလင်းနေပါသည်။ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေဟာ သူတို့ရဲ့ စားဝတ်နေရေးနဲ့ လက်နက်တပ်ဆင်နိုင်ရေးတို့အတွက်ဆိုရင် အချိန်တိုတိုအတွင်း ငွေများများရနိုင်တဲ့စီးပွားရေးလုပ်ငန်းဟာ မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်းပဲဖြစ်တယ်။ ဒီလို မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းတွေကြောင့်ပဲ သစ္စာမဲ့တိုင်းရင်းသားတွေဟာ လက်နက်တွေကို အလွယ်တကူမစွန့်လွှတ်နိုင်ကြတော့ပါဘူး။ ဒါ့ကြောင့် မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ မူးယစ်ဆေးဝါးပြဿနာရဲ့ အရင်းခံ ဇာစ်မြစ်တစ်ခုက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ သူတို့ရဲ့ရှင်သန်ရပ်တည် မှုအတွက် အဓိကဝင်ငွေရရှိရေးဖြစ်တဲ့ မူးယစ်ဆေးဝါးထုတ်လုပ်ဖြန့်ချိမှုတွေမှာ တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ပါဝင်ပတ်သက်နေကြခြင်းပဲ ဖြစ်ပါတယ်။ ဒါတွေကို နိုင်ငံတော်အစိုးရကလည်း ကောင်းကောင်းသိတယ်။ ဒါကြောင့်လည်း တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ မူးယစ်ဆေးဝါးချက်လုပ်တဲ့ စခန်းတွေကို တပ်မတော် ထိထိရောက်ရောက်ချေမှုန်းရှင်းလင်းနေတာဖြစ်တယ်။ ၁၄-၁-၂၀၂၆ ရက်နေ့ ယနေ့မှာ နိုင်ငံတော်အစိုးရက သီပေါနှင့် မိုင်းရယ်မြို့နယ်တို့မှာ ဖမ်းဆီးရမိတဲ့ မူးယစ် ဆေးဝါးထုတ်လုပ်တဲ့စက်တွေ၊ ကျားဖြန့်လုပ်ငန်းတွေကို ချေမှုန်းရှင်းလင်းတာနဲ့ပတ်သက်ပြီး နိုင်ငံတကာကသိရှိအောင် နိုင်ငံတကာစစ်သံမှူးတွေနဲ့သံတမန်တွေကို မြေပြင်ထိကွင်းဆင်းပြီး ပြသခဲ့ပါတယ်။မြန်မာနိုင်ငံအစိုးရဟာ မူးယစ်ဆေးဝါးနဲပတ်သက်ပြီး အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်သတ်မှတ်ကာ အစိုးရအဆက်ဆက် တိုက်ဖျက်ခဲ့ကြပါတယ်။ မူးယစ်ဆေးဝါးပပျောက်ရေးအတွက် စီမံချက်များ စနစ်တကျရေးဆွဲပြီး တိုက်ဖျက်ခဲ့တာနဲ့ပတ်သက်ပြီး ပြန်ကြည့်ရမယ်ဆိုရင်
-၁၉၇၅ ခုနှစ်မှ ၁၉၈၈ ခုနှစ်အတွင်း မိုးဟိန်းစစ်ဆင်ရေးအဆင့် (၁)မှ (၁၂) အထိ
-ငရဲပန်းစစ်ဆင်ရေးအဆင့် (၁) မှ (၈) အထိ
-တောင်ရန်ရှင်းစစ်ဆင်ရေး အဆင့် (၁) မှ (၄) အထိ
-မဲလုံး၊ နှင်းပန်း၊ ပေါက်ပန်း၊ တောင်ထိပ်ပန်း၊ ဟေမန်ဦး အစရှိတဲ့ ဒေသန္တရစစ်ဆင်ရေးများ၊
- ၁၉၉၉ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ မူးယစ်ဆေးဝါးပပျောက်ရေး ၁၅ နှစ် စီမံကိန်းကြီးရေးဆွဲချမှတ်ကာ နိုင်ငံတော်အစိုးရနှင့်တိုင်းရင်းသားပြည်သူများ လက်တွဲပြီးတိုက်ဖျက်ခဲ့သလို ယနေ့အချိန်ထိလည်း ပြတ်ပြတ် သားသားအရေးယူတိုက်ဖျက် လျက်ရှိပါတယ်။
နိုင်ငံတော်အစိုးရအနေနဲ့ မူးယစ်ဆေးဝါး ချုပ်ငြိမ်းပပျောက်သွားစေဖို့ အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် အရှိန်အဟုန်မြှင်တိုက်ဖျက်နေပေမယ့် နယ်စပ်ဒေသမှာရှိတဲ့ တိုင်းရင်သားလက်နက်ကိုင် EAOs အချို့နဲ့ NUG အပါအဝင် PDF တွေဟာ ငွေကြေးအကျိုးအမြတ်ကြည့်ပြီး မူးယစ်ဆေးတွေကို နည်းလမ်းပေါင်းစုံအသုံးပြုပြီး ဖြန့်ဖြူးလျက်ရှိပါတယ်။
ဒါတွေကိုလည်း လက်ရှိအစိုးရက ပြတ်ပြတ်သားသား ကိုင်တွယ်ပြီး အရေးယူဆောင်ရွက်လျက်ရှိသလို ဆက်လက်ပြီးတော့လည်း အရှိန်အဟုတ်မြှင့်ဆောင်ရွက်သွားမယ်လို့သိရပါတယ်
