တရုတ်နိုင်ငံ နိုင်ငံတော်ပြည်သူ့ကွန်ဂရက် (အင်န်ပီစီ) အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ ဇောင်လယ်ဂျီ သည် ကိုရီးယားသမ္မတနိုင်ငံ (အာရ်အိုကေ) သမ္မတ လီဂျေးမြောင် နှင့် အင်္ဂါနေ့က ပေကျင်း၌ တွေ့ဆုံခဲ့သည်။
နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေး ထူထောင်ချိန်မှစ၍ လွန်ခဲ့သည့် ဆယ်စုနှစ် သုံးခုကျော်အတွင်း ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုသည် တရုတ်-ကိုရီးယား ဆက်ဆံရေး၏ ထူးခြားသော လက္ခဏာတစ်ရပ်ဖြစ်ကြောင်း ဇောင် က မှတ်ချက်ပြု ပြောကြားခဲ့သည်။ နှစ်နိုင်ငံခေါင်းဆောင်များသည် တနင်္လာနေ့တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး လမ်းေကြာင်းချမှတ်ကာ ဆက်ဆံရေးပိုမိုဖွံ့ဖြိုးတိုးတက်ရန်အတွက် အသေးစိတ် အစီအစဉ်သစ်ကို ရေးဆွဲခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့တယ်လို့ သိရပါတယ်..
