ယနေ့ကျရောက်သည့် ၇၈ နှစ်မြောက် လွတ်လပ်ရေးနေ့ အ ထိမ်းအမှတ်အနေဖြင့် အကျဉ်းထောင်/အချုပ်ထောင် စခ န်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသောအကျဉ်းသား / အကျဉ်းသူ (၆၁၃၄) ဦး အား ပြစ်ဒဏ်များ အပေါ်လျှော့ ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း သိရသည်။ ထိုပြင် အကျဉ်းထောင်/အချုပ်ထောင် စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော နိုင်ငံခြားသား အကျဉ်းသား/အကျဉ်းသူ (၅၂) ဦးကိုလည်း ၎င်းတို၏ ပြစ်ဒဏ်များအပေါ်လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုကာ ပြည်နှင်ဒဏ်ပေးခဲ့ကြောင်းလည်း သိရသည်။အလားတူ အကျဉ်းထောင်/အချုပ်ထောင် စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/အကျဉ်းသူ များအား ၎င်းတိုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်၏ ခြောက် ပုံတစ်ပုံကို လွတ်ငြိမ်းသက်သာခွင့်ပြုကြောင်းသိရှိရပါသည်။
အကျဉ်းသား (၆၀၀၀) ကျော်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးပြီး ကျန်အကျဉ်းသားများအား ပြစ်ဒဏ်၏ ၆ ပုံ ၁ ပုံ လွ တ်ငြိမ်းသက်သာခွင့်ပြု
