ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁)ကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီဖြစ်ပါတယ်။ အခုလို ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့အပေါ်မှာ ပြည်သူလူထုတစ်ရပ်လုံးရဲ့ ပါဝင်မဲပေးခဲ့ကြပုံတွေကို အများမြင်အောင် ပြောပြရရင် ရွေးကောက်ပွဲကျင်းပနေချိန် နိုင်ငံတစ်ဝန်းမဲပေးခဲ့ကြတဲ့ ပြည်သူလူထုတစ်ရပ် လုံးဟာ ခြိမ်းခြောက်အကျပ်ကိုင်လို့ လာရောက်မဲပေးရတဲ့ ပုံစံမျိုးမဟုတ်ဘဲ ကိုယ်တိုင်က စိတ်ပါဝင်စားစွာဖြင့် စိတ်ရင်းအမှန်နဲ့ တက်တက်ကြွကြွပူးပေါင်းပါဝင် မဲပေးခဲ့ကြတာကို တွေ့ရပါတယ်။
ပြည်သူတွေက ရွေးကောက်ပွဲကို ဘယ်လောက်တောင်စိတ်ဝင်စားပြီး တက်တက် ကြွကြွပူးပေါင်းပါဝင်မဲပေးခဲ့ကြသလဲဆိုရင် မဲရုံတွေမဖွင့်ခင် ချမ်းအေးလှတဲ့ ဆောင်းတွင်း မနက်ခင်းအစောကြီးကတည်းက မဲပေးဖို့ စနစ်တကျလာရောက်တန်းစီကြပြီး သူတို့ယုံကြည် အားကိုးတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို စိတ်အားထက်သန်စွာဖြင့် အသီးသီး မဲပေးရွေးချယ်ခဲ့ကြတာကို အားရကျေနပ်ဖွယ်ရာတွေ့ရပါတယ်။ ကျန်တာမကြည့်နဲ့ PDF အကြမ်းဖက်တွေ ပေါများလွန်းတဲ့ ကန့်ဘလူဒေသမှာတောင် ပြည်သူတွေေကြိတ်ကြိတ်တိုးပြီး ဆန္ဒမဲပေးဖို့စောင့်နေကြတဲ့ မြင်ကွင်းတွေကလည်း တကယ့်ကို ကြည်နူးဝမ်းသာ အားရဖွယ် ရာကောင်းပါတယ်။ တချို့ဆိုရင် ကျန်းမာရေးမကောင်းလို့ လမ်းမလျှောက်နိုင်တဲ့ သက်ကြီး ရွယ်အိုတွေတောင် အသည်းကြားက တန်ဖိုးရှိလှတဲ့ မဲတစ်ပြားမဆုံးရှုံးစေဖို့ မဲရုံတွေဆီကို မရောက်ရောက်အောင်သွားပြီး နိုင်ငံသားကောင်းတစ်ယောက်ပီသစ္စာဖြင့် မဲပေးခဲ့ကြတာတွေ ကိုလည်း တွေ့ရပါတယ်။
ပြောရမယ်ဆိုရင် ပြည်သူလူထုတစ်ရပ်လုံးက အစိုးရသစ်အပြောင်းအလဲအတွက် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာကျင်းပတဲ့ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁)မှာ အခုလိုမျိုး စိတ်ပါဝင်စားစွာဖြင့် တစ်ခဲနက် စိတ်ရင်းအမှန်နဲ့ တက်တက် ကြွကြွပူးပေါင်းပါဝင် မဲပေးခဲ့ကြတာပဲဖြစ်ပါတယ်။ တချို့ ပြည်သူတွေဆိုရင် ရွေးကောက်ပွဲမှာ သူတို့မဲပေးခဲ့ပြီးဖြစ်ကြောင်းကို ဆိုရှယ်မီဒီယာတွေပေါ်မှာ ဂုဏ်ယူဝင့်ကြွားစွာဖြင့် ဖော်ပြခဲ့ ကြတာကိုလည်း တွေ့ရပါတယ်။ ဒါဟာ ပြည်သူတွေအနေနဲ့ နိုင်ငံသားတစ်ယောက် ပီသစွာ ဖြင့်ရွေးကောက်ပွဲမှာ တက်ကြွစွာပူးပေါင်းပါဝင်မဲပေးပြီး နိုင်ငံသားတာဝန်ကျေကြောင်း ပြသ ခဲ့ကြတာလည်းဖြစ်ပါတယ်။ ဘာပဲပြောပြော ဒီဇင်ဘာလ ၂၈ ရက်နေ့မှာကျင်းပတဲ့ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁)မှာ ပြည်သူလူထုတစ်ရပ်လုံးက စိတ်ရင်း အမှန်နဲ့ တက်တက်ကြွကြွပူးပေါင်းပါဝင်ခဲ့တဲ့ အောင်မြင်တဲ့ရွေးကောက်ပွဲဖြစ်ခဲ့တယ်ဆိုတာ တစ်ခဲနက်လာရောက်မဲပေးကြတဲ့ နိုင်ငံတစ်ဝန်းကပြည်သူတွေရဲ့ မှတ်တမ်းဓာတ်ပုံတွေက ဘယ်လိုမှငြင်းလို့မရတဲ့ အမှန်တရားသက်သေတွေပဲဖြစ်ပါတယ်။
လင်းနိုင်








