ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီးကျော်စွာလင်းသည် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့တွင် ဗထူးတပ်မြို့ရှိ သင်တန်းကျောင်းများ၊ နယ်မြေခံတပ်ရင်း/တပ်ဖွဲ့များနှင့် တပ်မတော်ဆေးရုံတို့အား လိုက်လံကြည့်ရှုစစ်ဆေးသည်။ ဦးစွာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်အဖွဲ့ဝင်များသည် ဗထူးတပ်မြို့ရှိ တပ်မတော်(ကြည်း) အရာခံ/အကြပ်ကြီးသင်ကျောင်းရှိ သင်တန်းသားစားရိပ်သာသို့ရောက်ရှိပြီး ရိက္ခာ၊ အသား/ငါးနှင့် ဟင်းသီးဟင်းရွက်များအား စတိုခန်းများအတွင်းထားရှိမှုအခြေအနေများ၊ ချက်ပြုတ်နေမှုနှင့် ကျွေးမွေးရန်ပြင်ဆင်ထားရှိမှုအခြေအနေများကိုလိုက်လံကြည့်ရှုစစ်ဆေးပြီး စားရိပ်သာများအတွင်း ကျန်းမာရေးနှင့် ညီညွတ်စေရေးအတွက် ခြင်ယင်များမရှိစေရန် ဆေးဖြန်းခြင်းများဆောင်ရွက်ရန်၊ စတိုအတွင်းရိက္ခာများအား သန့်ရှင်းသပ်ရပ်စွာဖြင့်…