မြဝတီမြိုရှိ လိမ်လည်မှုစင်တာ အစုအဖွဲ့တစ်ခုမှ မလေးရှားနိုင်ငံသား ၃၁ ဦးကို အဆင့်မြင့် သံတမန်စစ်ဆင်ရေး အပြီးတွင် အောင်မြင်စွာ ပြန်လည်ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း မလေးဘာသာစကားဖြင့် ထုတ်ဝေသော နေ့စဉ်ထုတ် စီနာဟာရီးယန်က ဖော်ပြထားပါတယ်။
ထိုင်း-မလေးရှားနယ်စပ် အနီး ဘူကစ် ကာယူ ဟီတမ် လူဝင်မှုကြီးကြပ်ရေးဌာနသို့ စနေနေ့ ညနေ ၆ နာရီ ၅၀ မှာ ရောက်ရှိလာကြောင်း၊ ရောက်ရှိလာချိန်တွင် ၎င်းတို့ကို တော်ဝင်မလေးရှားရဲတပ်ဖွဲထံသို့ ချက်ခြင်းလွှပြောင်းပေးအပ်ခဲ့ကြောင်းသိရပါတယ်။ #crd
