

ဂျပန်အရှေ့မြောက်ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေမှာ ပြင်းအား ၇.၅ အဆင့်ရှိ ငလျင်လှုပ်ခတ်ပြီးနောက် လူ ၅၂ ဦး ထက်မနည်း ဒ-ဏ်ရာရရှိခဲ့သည်ဟု ဒေသခံမီဒီယာက ဗုဒ္ဓဟူးနေ့မှာ ဖော်ပြထားပါသည်။
အိုမိုရီ၊ ဟော့ကိုင်းဒိုနှင့် အိုင်ဝက် စီရင်စုရှိ အာဏာပိုင်များက လူ ၃၇၊ ၁၁ ဦးနှင့် လူ ၄ ဦးစီ အသီးသီးဒ-ဏ်ရာရခဲ့ကြောင်း ကျိုဒိုသတင်းတွင် ဖော်ပြသည်။
ဟော့ကိုင်းဒိုး၊ အိုမိုရီ၊ အိုင်ဝက်၊ မီယာဂီနှင့် ဖူခူရှီးမား စီရင်စုများတွင် အင်္ဂါနေ့က ကျောင်းပေါင်း ၃၀၀ ကျော်ကို ပိတ်ထားခဲ့ရသော်လည်း ငလျင်ကြောင့် ပျ-က်စီးသွားသော ကျောင်းအချိုမှလွဲ၍ ဗုဒ္ဓဟူးနေ့တွင် ကျောင်းအများစုကို ပြန်လည်ဖွင့်လှစ်ခဲ့သည်ဟု သတင်းတွင်ဖော်ပြထားသည်။
