သူ့အမည်က ဗိုလ်မှူးကြီး သီဟသူရ အေးမင်းအောင်..
ဗိုလ်မှူးကြီး သီဟသူရ အေးမင်းအောင်ကို ၁၉၈၁ ခုနှစ်မှာ အဖ ဒုတိယဗိုလ်မှူးကြီး အောင်သိန်း (ငြိမ်း)၊ အမိဒေါ်သန်းပိုတို့က မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် မွေးဖွားခဲ့ပါတယ်။ ၁၉၉၉ ခုနှစ်တွင် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၄၄)သို့ တက်ရောက်ခဲ့ပါတယ်။
၂၀၀၂ ခုနှစ်မှစ၍ ယနေ့အထိ ခြေလျင်/ခြေမြန်တပ်ရင်းများ၊ ခြေမြန်တပ်မဌာနချုပ်၊ တပ်မတော်(ကြည်း) တိုက်ခိုက်ရေးကျောင်း၊ တိုင်းစစ်ဌာနချုပ်တို့တွင် တပ်စုမှူး၊ စစ်ဘက်ရေးရာလုံခြုံရေးအရာရှိ၊ အကူပစ်တပ်စုမှူး၊ တပ်ခွဲမှူး၊ စစ်ဦးစီးမှူး၊ ဦးစီးအရာရှိ၊ ဒုတိယတပ်ရင်းမှူး၊ တပ်ရင်းမှူး၊ အထက်တန်းနည်းပြ၊ စစ်ဗျူဟာမှူး တာဝန်များကို အဆင့်ဆင့်ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
🏆 (သီဟသူရဘွဲ့ ချီးမြှင့်ခံရခြင်း) 🏆
အမှတ်(၅၆၄) ခြေမြန်တပ်ရင်းတွင် တပ်ရင်းမှူးတာဝန်ထမ်းဆောင်စဉ် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဗုဒ္ဓေါကျေးရွာအနီး AA အကြမ်းဖက်သောင်းကျန်းသူများ နှင့် ၇-၃-၂၀၁၉ ရက်မှ ၁၄-၃-၂၀၁၉ ရက်အထိ စုစုပေါင်း ၇ ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
နောက်ဆုံးအဆုံးအဖြတ် တိုက်ပွဲကြာချိန်မှာ ခန့်မှန်း (000000)၌ ယာယီခံစစ်စတင်နေရာယူခဲ့သည့် ၁၂-၃-၂၀၁၉ ရက် ၁၈၀၀ ချိန်မှ ရန်သူများပြန်လည်ဆုတ်ခွာသွားသည့် ၁၄-၃-၂၀၁၉ ရက် ၀၆၀၀ ချိန်အထိစုစုပေါင်း ၃၆ နာရီတိုင်တိုင် မိမိထက် အင်အား ၄ ဆကျော်သာလွန်သည့် ရန်သူ၏ တိုက်ခိုက်မှုကို အကြိမ်ကြိမ်အောင်မြင်စွာ တွန်းလှန်တိုက်ခိုက်နိုင်ခဲ့ပါတယ်။
မိမိစစ်သည်များတွင် လက်ကျန်ခဲယမ်း ၄ ၊ ၅ တောင့်ခန့်စီသာကျန်ပြီး ခဲယမ်း နည်းပါးသွားခြင်း၊ ရေ၊ ရိက္ခာပြတ်လပ်ခြင်း၊ တိုက်ပွဲချိန်ကြာသည်နှင့်အမျှ ကျဆုံးဒဏ်ရာရစစ်သည်များလာခြင်း နှင့် ရန်သူအင်အား ၄၀၀ ကျော်ခန့်အထိများလာခြင်း၊ လက်နက်ချရန် အကြိမ်ကြိမ်အော်ဟစ် ဖိအားပေးခြိမ်းခြောက်ခြင်းတို့ ဖြစ်ပေါ်လျက်ရှိသော်လည်း စိတ်ဓာတ်ကျဆင်းခြင်းမရှိဘဲ ရဲဝံ့ပြတ်သားစွာဖြင့် မိမိတပ်ကို တည်ငြိမ်စွာ ဦးဆောင်မှုပေးပြီး စံနမူနာပြခေါင်းဆောင်လျက် သူရသတ္တိပြည့်စုံစွာစွန့်လွှတ်စွန့်စားမှုဖြင့် တိုက်ပွဲဝင်ဆောင်ရွက်ခဲ့သဖြင့် သီဟသူရဘွဲ့ကို ထိုက်တန်စွာ ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။
ဗျူဟာမှူးအဆင့်ဖြင့် တန်ပြန်တိုက်စစ် (တောင်ခမ်း) မှာလည်း ထူးချွန်ပြောင်မြောက်စွာ တိုက်ပွဲဝင်ခဲ့ပါတယ်။
(အကျဉ်းမျှသာ ကောက်နုတ်ဖော်ပြခြင်း ဖြစ်ပါတယ်)
တိုက်ပွဲသတင်းစုံ


