ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အမျိုးသားကန်တော်ကြီး ဥယျာဉ် ထိန်းသိမ်းထားရှိမှုအခြေအနေများအား ကြည့်ရှု

မန္တလေးနှင့် စစ်ကိုင်းမြို့ဝန်းကျင်မှ ငလျင်လှုပ်ခတ်မှုတ်ကို သိသိသာသာခံစားခဲ့ရ

စဥ့်ကိုင်မြို့၏အရှေ့-အရှေ့မြောက်ဘက်၁၄ မိုင်ခန့်ကို ဗဟိုပြု၍ အင်အား ၄ ဒသမ ၂ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

မန္တလေးနှင့် စစ်ကိုင်းတို့တွင် ယနေ့ ငလျင် လှုပ်ခတ်မှုကို သိသိသာသာခံစားခဲ့ရသည်ဟု မြို့ခံများက ပြောသည်။

ယနေ့ (ဒီဇင်ဘာ ၂)ရက်နေ့ ညနေ ၅ နာရီခွဲခန့်က လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။

“မလှုပ်တာ နည်းနည်းကြာနေလို့ထင်တယ်၊ မမေ့အောင် သတိလာပေးတာ၊ အသံလည်းပါတယ်” ဟု မန္တလေးမြို့ခံတစ်ဦးက လူမှုကွန်ယက်တွင် ရေးသားထားသည်။

ထိုသို့လှုပ်ခတ်မှုကို စစ်ကိုင်းမြို့နေသူများလည်း သိသာစွာ ခံစားရသည်ဟု ဆိုသည်။

မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနကမူ စဉ့်ကိုင်မြို့၏ အရှေ့-အရှေ့မြောက်ဘက် (၁၄)မိုင်ခန့်အကွာ အနက် ၃၃ ကီလိုမီတာကို ဗဟိုပြုပြီး ရစ်(ခ်)တာစကေး ၄ ဒသမ ၂ အဆင့်ရှိ နောက်ဆက်တွဲငလျင် လှုပ်ခတ်ခဲ့သည်ဟု  ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *