
လာမည့် ၂၀၂၆ ခုနှစ်တွင် နိုင်ငံတကာလက်မောင်းလှဲ ပြိုင်ပွဲများ၌ မြန်မာမှ ဝင်ပြိုင်ရောက်ယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်း KLK Armwrestling Myanmar မှ သိရသည်။
လက်မောင်းလှဲ အားကစားကို မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်လေ့နည်းပြီး (၅)ကြိမ်မြောက်လက်မောင်းလှဲ Champion ရွေးချယ်ပြိုင်ပွဲကြီးကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ (၃၀)ရက်က ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ Fu San Basket Ball Stadium တွင်ကျင်းပခဲ့သည်။
ပြိုင်ပွဲတွင် Champion ရရှိသူများအပြင် လူရွေးပွဲများကျင်းပပြီး လက်မောင်းလှဲပြိုင်ပွဲကျင်းပမည့် နိုင်ငံများနှင့် ချိတ်ဆက်ကာ မြန်မာကိုယ်စားပြုအဖြစ် (၂၀၂၆)ခုနှစ်တွင် သွားရောက်ယှဉ်ပြိုင်ရန်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် လက်မောင်းလှဲအားကစားနည်းကို ယခင်က စိတ်ဝင်စားမှု နည်းပါးခဲ့သော်လည်း ယခုအခါ နယ်မြို့ဒေသများ၌ ယင်းအားကစားနည်းကို စိတ်ဝင်စားမှုရှိလာပြီး ပြိုင်ပွဲငယ်များ ကျင်းပကာ ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။
