ပြီးခဲ့တဲ့အောက်တိုဘာ ၂၉ မှာ TNLA က တပ်နဲ့အပစ်အခတ်ရပ်စဲပြီး မိုးကုတ်ကို ပြန်ပေးဖို့ သတင်းထွက်လာတဲ့အချိန် ဒီမြို့ကို NUG နဲ့ PDF တွေ မဖြစ်မနေကာကွယ်ပါမယ်ဆိုပြီး လှုံ့ဆော်ခဲ့ကြတာ မှတ်မိမယ်ထင်တယ်။
အဲ့ဒီတုန်းကလည်း ရေးခဲ့ပါတယ်။ လားရှိုးလိုပဲ TNLA က တာဝန်ယူပြီး တပ်ကို မြို့ထဲအထိ ခေါ်ဆောင်ပေးရမယ်ဆိုတာနဲ့ PDF တွေ တပ်ပေါင်းစုဖွဲ့ပြီး မိုးကုတ်ကို ကာကွယ်မယ်ဆိုတာ မဖြစ်နိုင်တဲ့အကြောင်းကို။
တကယ်တမ်းလည်း တပ်မတော်ရဲ့ တပ်တွေ မဝင်ခင် အခုလ ၂၇ ရက်နေ့လောက်ကတည်းက TNLA ရဲ့ ဖိအားတွေကြောင့် PDF အဖွဲ့တွေ ဆုတ်ခွာဆိုတာမျိုးတွေ မီဒီယာတွေမှာ တင်လာကတည်းက ပြည်သူကို ဂျင်းထည့်ပြန်ပြီလို့ပြုံးမိတယ်။ ကာကွယ်ဖို့နေနေသာသာ ခွေးတစ်ကောင် ကြောင်တစ်မြှီးမှ မကျန်တာ အားလုံးလည်း မြင်ကြပါလိမ့်မယ်။
သူတို့ကတော့ အလှူငွေတွေရသွားကြပေမယ့် အဲ့ဒီသတင်းကြောင့် မိုးကုတ်ဒေသခံတွေ စစ်ဖြစ်မှာ ကြောက်ပြီး ရှောင်ပြေးကြတာ မြို့မှာ ဟာလာဟင်းလင်းကြီး ဖြစ်လို့။
ဒါကိုပဲ တပ်မတော်ဝင်မှာမို့လို့ မြို့ခံတွေ ထွက်ပြေးတိမ်းရှောင်ဆိုပြီး အမြတ်ထုတ်ကြပြန်ပါတယ်။ ဒီလို အမြတ်ထုတ်တာဟာ စစ်တပ်ကို မထိခိုက်ပဲ ပြည်သူတွေသာ ထိခိုက်ရတာလည်း သိပုံမရကြ။
(ပိုင်စိုး)




