အကျဉ်းထောင်များမှ ၅၀၅(က)ဖြင့် အကျဉ်းကျနေသူမျာအား ပြန်လွှတ်ပေးနေ

ပုဒ်မ ၅၀၅(က)နှင့် ထောင်ဒဏ်ကျခံနေရသူ (၃၀၈၅) ဦးကို ပြစ်ဒဏ်လွတ် ငြိမ်းခွင့်ပေးပြီး တရားရင်ဆိုင်နေရဆဲ (၅၅၈၀) ဦးကို အမှုပိတ်သိမ်း

နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) အမှုဖွင့်ခံရပြီး ပြစ်ဒဏ်ကျခံနေရသူ ၂၃၆၁ဦးကို ကျခံရန် ကျန်ရှိနေသည့် ပြစ်ဒဏ်များအား လျှော့ပေါ့ကာလွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ကြောင်း ယနေ့ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက သတင်းထုတ်ပြန်ပါတယ်။

အလားတူ ပုဒ်မ ၅၀၅(က)ဖြင့် ပြစ်ဒဏ်ကျခံနေရသူ (၇၂၄) ဦးကိုလည်း “နောက်ထပ်ပြစ်မှု ထပ်မံကျူးလွန်ပါက ကျခံရန် ကျန်ရှိနေသည့် ပြစ်ဒဏ်များအား ဆက်လက်ကျခံမည်”ဟူသည့် စည်းကမ်းချက်ဖြင့် ပြစ်ဒဏ်များမှ လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်းသိရပါတယ်။

ထိုပြင် ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့် ခံထားရပြီး ထွက်ပြေးတိမ်းရှောင်နေသည့်အတွက် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၅၁၂ ဖြင့် တရားစွဲဆိုခံရသူ ၅၅၈၀ဦး၏ အမှုများအား ပိတ်သိမ်းပြီး အမှုမှလွှတ်ရန်လည်း အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါ အမိန့်များအား မကြာမီကျင်းပမည့် ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူအားလုံး လွတ်လပ်မျှတစွာ မဲပေးနိုင်ရေးအတွက် ယခုကဲ့သိုထုတ်ပြန်ကြေညာခြင်းဖြစ်ကြောင်းလည်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

မိသားစုတွေ ပျော်ရွှင်ကြပါစေ။

အိုးဘိုထောင်

Leave a Reply

Your email address will not be published. Required fields are marked *