KK Park နယ်မြေအတွင်း Online လိမ်လည်မှုနှင့် လောင်းကစားမှုများကျူးလွန်ရာတွင် အသုံးပြုသည့် အဆောက်အအုံ ၂၂၈ လုံးဖြိုချဖျက်ဆီးပြီးဖြစ်၊ ရွှေကုက္ကိုလ်နယ်မြေအတွင်းမှ တရားမဝင်ပြည်ပ နိုင်ငံသား ၁၀၁ ဦး ထပ်မံဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့
မြန်မာနိုင်ငံအစိုးရအနေဖြင့် Online လိမ်လည်မှုများနှင့် Onlineလောင်းကစားမှုများ အများဆုံးအခြေချလုပ်ကိုင်လျက်ရှိကြသည့်ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊အုပ်ချုပ်ရေးအဖွဲ့အစည်းများအပါအဝင် အဖွဲ့စုံပါဝင်သည့် ပူးပေါင်းစစ်ဆင်ရေးအဖွဲ့များဖြင့် ဝင်ရောက်ရှင်းလင်းခြင်း၊ တရားမဝင်အဆောက်အအုံများအားဖြိုချဖျက်ဆီးခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
