မြန်မာနိုင်ငံရဲ့ ဘာသာရေးဥပဒေတွေဟာ အခြား အာဆီယံနိုင်ငံတွေနဲ့မတူပါဘူး။ လူတိုင်း လူတိုင်းဟာ မိမိယုံကြည်ရာ အတိုင်း ဗုဒ္ဓဘာသာ အပါအဝင် အခြားဘာသာပေါင်းစုံကို ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပေးထားချက်အရ လွတ်လပ်စွာကိုးကွယ်ခွင့်ရှိပါတယ်။ နိုင်ငံတော်ဘာသာ အဖြစ် ဗုဒ္ဓဘာသာကို သတ်မှတ်ထားပေမယ့် အခြားဘာသာတွေကို လွတ်လပ်စွာကိုးကွယ်ခွင့်ရှိပါတယ်။
ဒါတင်မက ခေတ်အဆက်ဆက် အစိုးရများဟာ ဘာသာပေါင်းစုံကို တလေးတစားနဲ့ နေရာပေးပြီးတော့ လိုအပ်တာတွေကိုလည်း အားပေးကူညီခဲ့ပါတယ်။
လက်ရှိယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဌ ဦးဆောင်တဲ့ တပ်မတော်အစိုးရဆိုရင်လည်း မြန်မာနိုင်ငံအတွင်း ဘာသာအသီးသီးရဲ့ ဘာသာရေးပွဲတော်တွေကိုလုပ်ငန်းအားလပ်မှုအပေါ်မူတည်ပြီး ကိုယ်တိုင်ကိုယ်ကျတက်ရောက်အားပေးချီးမြှင့်တာတွေအထိရှိပါတယ်။
၂၀၂၄ ခုနှစ် ခရစ်စမတ်ကာလတုန်းကဆိုရင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် ရန်ကုန်မြို့က စိန့်မေရီ ကာသီဒယ်ဘုရားရှိခိုးကျောင်းကြီးကို သွားပြီးတော့ ခရစ်စမတ်ညစာစားပွဲကို တက်ရောက်ခဲ့တာတွေရှိပါတယ်။
ခရစ်ယာန်ဘာသာရေးခေါင်းဆောင်တွေနဲ့အတူ ငြိမ်းချမ်းရေးအတွက် ဆုတောင်းခဲ့ကြသလို နိုင်ငံတော်က အလှူငွေတွေကိုလည်း ပေးအပ်ခဲ့ပါသေးတယ်။ အစ္စလာမ်ဘာသာဝင်တွေရဲ့ Eid နေ့၊ ဟိန္ဒူပွဲတော်တွေမှာလည်း လုံခြုံရေးနဲ့လိုအပ်တဲ့ အကူအညီတွေအစိုးရက ပေးနေတာပါပဲ။
ရန်ကုန်မြို့လည်ခေါင်မှာ ဘာသာပေါင်းစုံ အဆောက်အအုံတွေမျက်နှာချင်းဆိုင် တည်ရှိနေတာက မြန်မာနိုင်ငံရဲ့ ဘာသာရေးလွတ်လပ်ခွင့်နဲ့ ငြိမ်းငြိမ်းချမ်းချမ်း အတူယှဉ်တွဲနေထိုင်တာကို သက်သေပြနေပါတယ်။ဒါ့အပြင် မြန်မာနိုင်ငံအနှံ့အပြားမှာ ချာ့ခ်ကျောင်းတွေ ဗလီတွေနဲ့ အများအပြားတွေ့ရှိရတာလည်း ဒီနိုင်ငံရဲ့ ဘာသာပေါင်းစုံအပေါ် အလေးထားမှု လွတ်လပ်စွာကိုးကွယ်ခွင့်ပေးနေမှုရဲ့ ပြယုဂ်ပါပဲ။
ဒါဟာ ကမ္ဘာပေါ်မှာ ဘာသာရေးတင်းကြပ်တဲ့ နိုင်ငံတွေဆီမှာ မတွေ့ရတဲ့ Culture ဖြစ်သလို ၊ လွတ်လပ်ပါတယ်ဆိုတဲ့ ဒီမိုကရေစီနိုင်ငံကြီးတွေမှာတောင် မရတဲ့ လူ့အခွင့်အရေး ဘာသာအခွင့်အရေးတစ်ခုပါပဲ။
Aung Shinn


