ငလျင်ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သူများအား ရုရှားကဂုဏ်ပြုချီးမြှင့်

ငလျင်ကယ်ဆယ်ရေးလုပ်ငန်းတွေကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြတဲ့ မြန်မာနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာနက ကိုယ်စားလှယ်တွေကို ရုရှားနိုင်ငံ၊ လူထုကာကွယ်ရေး၊ အရေးအပေါ်အခြေအနေများနှင့် သဘာဝဘေးအန္တရာယ်ရေးဝန်ကြီးဌာန (EMERCOM) က ဂုဏ်ပြုအမှတ်တံဆိပ်နဲ့ ဂုဏ်ပြုလက်မှတ်တွေတယ်လို့ သိရပါတယ်။

ရုရှားနိုင်ငံ၊ လူထုကာကွယ်ရေး၊ အရေးအပေါ်အခြေအနေများနှင့် သဘာဝဘေးအန္တရာယ်ရေးဝန်ကြီးဌာန (EMERCOM) က ချီးမြှင့်တဲ့ ဂုဏ်ပြုအမှတ်တံဆိပ်နဲ့ လက်မှတ်တွေပေးအပ်တဲ့အခမ်းအနားကို နိုဝင်ဘာ  ၂၄ ရက်နေ့ မွန်းလွဲပိုင်းက နေပြည်တော်မှာရှိတဲ့ စစ်ကြောရေးနဲ့တည်းခိုရေးစခန်း ဆင်ဖြူရှင်ခန်းမမှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

အခမ်းအနားကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီး H.E.Mr. Iskander Azizov ၊ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ ကာကွယ်ရေးဝန်ကြီးဌာနက ဂုဏ်ပြုအမှတ်တံဆိပ်နဲ့ ဂုဏ်ပြုလက်မှတ်ချီးမြှင့်ခံရသူ ကိုယ်စားလှယ်တွေနဲ့ တာဝန်ရှိသူတွေ တက်ရောက် ကြတယ်လို့ သိရပါတယ်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E.Mr. Iskander Azizov က ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သလို ငလျင်ကယ်ဆယ်ရေးလုပ်ငန်းတွေကို စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြတဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ကိုယ်စားလှယ်တွေကို ဂုဏ်ပြု အမှတ်တံဆိပ်နဲ့ ဂုဏ်ပြုလက်မှတ်တွေ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် ဂုဏ်ပြုအမှတ်တံဆိပ်နဲ့ ဂုဏ်ပြုလက်မှတ်ချီးမြှင့်ခံရသူတွေကိုယ်စား မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့တယ်လို့ သိရပါတယ်။

#PAN

Leave a Reply

Your email address will not be published. Required fields are marked *