သူ့ကိုယ်သူ ဒုရဲမှူးအဖြစ် ဟန်ဆောင်လိမ်လည်သည့် ရဲပြေးတပ်သားတစ်ဦးကို ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်မှ ယမန်နေ့ (နိုဝင်ဘာ ၂၃ ရက်)တွင် ဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သည့် အသိုင်းအဝိုင်းထံမှသိရသည်။
အသက်(၂၄) နှစ်အရွယ်ရှိ ပြည့်လင်းအောင်ဆိုသူ ၎င်းအမျိုးသားသည် U Pyae Lin Aung အမည်ရှိ Tiktok လူမှုကွန်ရက်အကောင့်တွင် ၎င်းမှာ ဒုရဲမှူးဖြစ်ပြီး မိခင်၊ ဖခင်များမှာလည်း ထိပ်တန်းရဲအရာရှိများဖြစ်ကြောင်း လိမ်လည်ပြောဆိုဟန်ဆောင်နေခြင်းဖြစ်သည်ဟုဆိုသည်။
သူသည် အမှတ်(၆)လုံခြုံရေး ရဲတပ်ဖွဲ့ခွဲ၊ ရွှေပြည်သာမြို့နယ်မှ တပ်သားအဆင့် ရဲတစ်ဦးဖြစ်ကာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အနီး စစ်ဆေးရေးဂိတ်တစ်ခုတွင် တာဝန်ကျနေစဥ် ခွင့်မဲ့ပျက်ကွက်ခဲ့မှုကြောင့် လက်နက်မဲ့ ရဲပြေးအဖြစ်သတ်မှတ်ခံထားရသူဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် သူ့ကို ဥပဒေနှင့်အညီ အရေးယူနိုင်ရန်အတွက် လှော်ကားနယ်မြေစခန်း၌ ဖမ်းဆီးထိန်းသိမ်းထားကြောင်းလည်း သိရသည်။
𝙈𝙃𝙏𝙉𝙀𝙒𝙎
