မြန်မာ့တပ်မတော် သေနတ်ပစ်အသင်းအနေဖြင့် (၃၃)ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော် (ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နိုဝင်ဘာ ၁၈ ရက်၊ နံနက်ပိုင်းက နေပြည်တော်လေဆိပ်မှ စင်ကာပူနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာခဲ့ကြသည်ဟု သိရသည်။
ယင်း သေနတ်ပစ်အသင်းကို စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများက လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်ဟု သိရပြီး အဆိုပါ (၃၃)ကြိမ်မြောက် အာဆီယံနိုင်ငံတပ်မတော် (ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲကို စင်ကာပူနိုင်ငံ၌ နိုဝင်ဘာ ၂၁ ရက် မှ ၂၇ ရက်ထိ အာဆီယံနိုင်ငံ(၁၀)နိုင်ငံမှ သေနတ်ပစ် အသင်းများဖြင့် ကျင်းပသွားမည်ဖြစ်သည်။
ထိုပြိုင်ပွဲတွင် မြန်မာ့တပ်မတော်မှ ရိုင်ဖယ်အသင်း၊ ကာဘိုင်အသင်း၊ စက်သေနတ်အသင်း၊ ပစ္စတိုအမျိုးသားအသင်း နှင့် ပစ္စတိုအမျိုးသမီးအသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး အသင်း ခေါင်းဆောင် ဒုတိယဗိုလ်မှူးကြီး သိန်းစိုးထွန်း ဦးဆောင်၍ အုပ်ချုပ်သူ၊ နည်းပြများ နှင့် သေနတ်ပစ်အားကစားသမား စုစုပေါင်း ၄၂ ဦးတို့ လိုက်ပါသွားကြသည်ဟု သိရသည်။
CRD// 𝙈𝙃𝙏𝙉𝙀𝙒𝙎
